ပထမဆုံးသိထားရမှာ တစ်ခုကတော့ ထီမထိုးသူတွင် ထီပေါက်ကိန်းမရှိဆိုတာပါပဲ။
ဒုတိယသိထားရမှာကတော့ မိမိရဲ့သက်ရောက် ကံအကောင်းခွင် နဲ့ ကြုံလို့လည်း ဘယ်လမှာ မဆိုထီပေါက်နိုင်တယ် ဆိုတာပါပဲ။
ဒါပေမယ့်ယခု နည်းကတော့ ဆရာတို့နှစ်ရှည် လများ သုတေသန ပြု ရှာဖွေတွေ့ ရှိထားတဲ့
မိမိတို့ရဲ့မြန်မာလိုမွေးသက္ကရာဇ်ပေါ်မူတည် ပြီး ထီဆုမဲပေါက်တတ်တဲ့ကံထူးတတ်တဲ့ လတွေကို ခုနှစ်ရက်သားသမီးများအတွက်
စေတနာကောင်းဖြင့် ဖော်ပြပေးလိုက်ပါတယ် ။
မိမိမြန်မာမွေးသက္ကရာ ဇ်ကိုတည် (၇)ဖြင့်စားပါ။
ဥပမာ။ (၁၃၄၅)ခုဖွားဆိုပါတော့
(၇)ဖြင့်စားရင် (၁)ကြွင်းပါတယ်။
(၁၃၇၄)ခုဖွားဆိုရင်(၇)နဲ့စားတော့(၂) ကြွင်း၊
(၁၃၄၁)ဆိုလျှင် (၇)ဖြင့်စားတော့(၄)ကြွင်းပေါ့။
အဲ့ဒီလိုအကြွင်းသိပြီဆိုရင်ရပါပြီ။
(၁)ကြွင်းဇာတာရှင်တွေ (နယုန်)လမှာထီထိုးပါ။
(၂)ကြွင်းဇာတာရှင်တွေ(ဝါဆို)လမှာထီထိုးပါ။
(၃)ကြွင်းဇာတာရှင်တွေ(ဝါခေါင်)လမှာထိုးပါ။
(၄)ကြွင်းဇာတာရှင်တွေ(တော်သလင်း)လမှာထီ ထိုးပါ။
(၅)ကြွင်းဇာတာရှင်တွေ(သီတင်းကျွတ်)လမှာ ထီထိုးပါ။
(၆)ကြွင်းဇာတာရှင်တွေ(တန်ခူး)လမှာထီထိုးပါ။
(ဝ)ကြွင်းဇာတာရှင်တွေ(ကဆုန်)လမှာထီထိုးပါ။
စေတနာမှန်လျှင်ကံကောင်းမည် ကေဇော်ဟိဏ်း (၀၉၇၆၈၂၅၈၁၇၁)
မြန်မာမွေးသက္ကရာဇ်တွက်နည်း
ကိုယ့်ရဲ့ အင်္ဂလိပ် မွေးခုနှစ်ထဲက ( ၆၃၈ ) ကိုနုတ်ပါ။ မြန်မာ သက္ကရာဇ် ရပါသည်။
( ၁ ) လပိုင်းကနေ ( ၄ )လပိုင်း ၁၆ရက်အတွင်း မွေးတဲ့သူဆိုရင်ကတော့ ကိုယ့်ရဲ့ *အင်္ဂလိပ်* မွေးခုနှစ်ထဲက ( ၆၃၉ ) ကိုနုတ်ပါ။ မြန်မာသက္ကရာဇ်ရပါသည်။
crd#