Anonymus ဟတ်ကာအဖွဲ့ကို ကြိုဆိုပါတယ်။ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ခင်ဗျားတို့အဖွဲ့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုတ်ရှားမှုတွေကို အများကြီး ကျေနပ်အားရမိပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက ကောလဟာလတွေ တက်လာသေးတယ်ဗျ။ ခင်ဗျားတို့အဖွဲ့က အမေရိကန်အစိုးကိုယ်တိုင် ကြောက်ဒူးတုန်ခဲ့ရတဲ့ သမိုင်းဝင် Anonymous အဖွဲ့မဟုတ်ပဲ တခြားနာမည်တူ အဖွဲ့တစ်ဖွဲ့ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ အခုတော့ ရှင်းသွားပါပြီ။ ခင်ဗျားတို့တင်တဲ့ video ရဲ့နောက်ဆုံးမှာပါလာတဲ့ “We are the Anonymous; we are the Legion; we do not forgive, we do not forget, Expect us. “ ဆိုတဲ့ စာသားလေးက သက်သေခံတာပေါ့။ ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေနဲ့ အတူတူရပ်တည်ပေးခဲ့တဲ့ ခင်ဗျားတို့ကို ကျေးဇူးပါလို့ ပြောချင်ပါတယ်။
ခင်ဗျားတို့ရဲ့အရင်တုန်းက လှုတ်ရှားမှုတွေကို ကြည့်ရတာ သိပ်အားရဖို့ကောင်းတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော်စိုးရိမ်တာက စစ်အာဏာသိမ်းထားတဲ့ ခွေးတွေမှာ အွန်လိုင်းကနေ run နေတဲ့ system ဘာတစ်ခုမှမရှိတာပဲ။ အဲ တစ်ခုတော့ရှိတယ်ဗျ။ ဘဏ်စနစ်လေ။ တကယ်လို့ ခင်ဗျားတို့တွေသာ ဗဟိုဘဏ်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်ပေးမယ်ဆိုရင် စစ်အာဏာရှင်တွေအတွက် အတော့်ကို အထိအခိုက်များစေမှာပါ။ သူတို့မှာ အဲ့စနစ်အတိုက်ခံရရင် ပြန်ပြင်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေမရှိဘူးဆိုတာ ကျွန်တော်သိထားတယ်။ အဲဒါက သူတို့ကို အကြီးအကျယ် ဒုက္ခရောက်စေလိမ့်မယ်။
ဟုတ်တယ်ဗျာ။ အခုအချိန်မှာ ကျွန်တော်တို့ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘူး။ အဓိကက အဲ့မအေလိုး ပျားတုတ်နေဖို့ပဲလိုတယ်။ ကျွန်တော်တို့နိုင်ငံဟာ ပြာပုံအတိဖြစ်သွားမယ်ဆိုရင်တောင် ကျွန်တော်တို့ အစကနေ ပြန်တည်ဆောက်နိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒါပေမဲ့ အဲ့မအေလိုး စစ်အာဏာသိမ်းခွေးတွေနဲ့ ဆိုရင်တော့ ဘယ်လိုမှ ပြန်တည်ဆောက်လို့ရမှာ မဟုတ်ပါဘူး။ အဲ့စစ်အာဏာရှင်တွေဟာ အနိုင်ကျင့်ဗိုလ်ကျပြီး ကျွန်တော်တို့ နိုင်ငံကို အုပ်ချုပ်လာတာ နှစ်ပေါင်း ၆၀ ကျော်ခဲပါပြီ။ အခုလဲ အင်တာနတ်ကို ဆင်ဆာလုပ်ပြီး ကျွန်တော်တို့ကို နိုင်ငံတကာနဲ့ အဆက်အသွယ်ဖြတ်ဖို့ ကြိုးစားနေပါတယ်။ မြန်မာပြည်သားတွေကို ကူညီပေးပါ။ အာဏာရှင််််််််တွေရဲ့ဘဏ်စနစ် ကို တိုက်ခိုက်ပေးပါ။ ကျွန်တော်တို့ နိုင်ငံသားတွေအနေနဲ့ နိုင်ငံလွတ်လပ်ရေးနေ့တိုင်းမှာ ခင်ဗျားတို့အဖွဲကို နိုင်ငံသူရဲကောင်းအနေနဲ့ အလေးပြုပေးပါ့မယ်။