ကိုဗစ်ရောဂါဖြစ်လျှင် ခန္ဓာကိုယ်ကို မှောက်နေခိုင်းရသည့်အကြောင်းအရင်း
(Prone position)
(Prone position)
အဆုတ်ဖွဲ့စည်းပုံက ပိရမစ်ပုံမို့လို့ အပေါ်ပိုင်းမှာ အဆုတ်ကြွက်သားနည်းပြီး အောက်ပိုင်းမှာပိုများပါတယ်။
ရင်ဘတ်ရှေ့နဲ့နောက်ကျောမှာဆိုရင် ကျောဘက်မှာ ပိုများပါတယ်။
အဆုတ်ထဲမှာ လေအိတ်သေးသေးလေးတွေ သန်းပေါင်းများစွာရှိပါတယ်။
ပက်လက်နေလိုက်တဲ့အခါ ကျောဘက်ဖိထားတော့ အဆုတ်ထဲမှာရှိတဲ့ လေအိတ်လေးတွေပြားကုန်တယ်။
အဲ့လေအိတ်လေးတွေတာဝန်က အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုလဲလှယ်ပေးတာ။
အဲ့လိုကောင်းကောင်း မလဲလှယ်ပေးနိုင်တော့ရင် သွေးတွင်း အောက်ဆီဂျင် ကျလာရော။
( လက်ထိပ်မှာတိုင်းတဲ့ အောက်ဆီဂျင်က ပုံမှန် ၉၅-၁၀၀% ကြားရှိရပါမယ်။)
အဲ့ဒါကြောင့် Covid မှာ အောက်ဆီဂျင်ကျတဲ့အခါမှောက်နေပေးခြင်းက အရေးကြီးပါတယ်
မှောက်တဲ့အခါ နည်းလမ်းမှန်ရပါမယ်။
1 – 2 – 2 – 1 လို့မှတ်လို့ရတယ်။
ခေါင်းအောက် – 1
ရင်ဘတ်အောက် – 2
တင်ပါးဆုံရိုးအောက် – 2
ခြေသလုံးအောက် – 1
ပုံထဲကအတိုင်း
ရင်ဘတ်အောက်ကခေါင်းအုံးနဲ့ တင်ပါးဆုံရိုးအောက်ကခေါင်းအုံးကြား လက်နဲ့ထိုးလို့ရအောင် ချောင်ရပါမယ်။
( Diaphragm ကို ခေါင်းအုံးမဖိနေရဘူး။
ညှစ်ထားသလိုဖြစ်ရင် အသက်ကောင်းကောင်းရှူမရမှာစိုးလို့ )
တကယ်လုပ်ရင် တကယ်အကျိုးကျေးဇူးများပါတယ်။
အောက်ဆီဂျင် ပြန်တက်လာတဲ့သူတွေအများကြီးရှိပါတယ်။
#အရမ်းမောပြီး
လှုပ်တာနဲ့ အောက်ဆီဂျင်ကျနေတဲ့ လူနာကိုမလှုပ်ခိုင်းရပါဘူး။
ဒါပေမယ့် လုပ်နိုင်စွမ်းရှိတဲ့ လူနာကတော့ ကိုယ့်ဘာကိုညှာပြီး အားမထုတ်တာမျိုးမလုပ်ရပါဘူး။
အသက်ရှူလေ့ကျင့်ခန်းနဲ့တွဲလုပ်ပါ။ (တဝကြီးရှူသွင်း ၊ ၅စက္ကန့်အောင့်ထား ၊ တဝကြီးပြန်ရှူထုတ်)
ကြိုးစားကြည့်ပေးပါ။
စိတ်ကိုတင်းထားပြီး အစားလုံးဝဝင်အောင်စားပါ။
နားလည်လွယ်အောင်ရေးပေးထားပါတယ်။
အဆင်ပြေကြပါစေ။
မူရင်းရေးသားသူ : crd