ထိုင်း မြန်မာနယ်စပ် မြဝတီမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော အောက်စီဂျင်ကားအချို့ (ကားတစီးလျှင်တန် ၂၀ ပါရှိ) ယနေ့ ရန်ကုန်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ပထမဆုံးရောက်ရှိလာသော ကားမှာ လှိုင်သာယာပြည်သူ့ဆေးရုံသို့ ယမန်နေ့ညက ရောက်ရှိခဲ့ပြီး ဒုတိယမြောက်ကားမှာ ယနေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဆိုက်ရောက်ခဲ့သည်။
၎င်း ကားများတွင် မန္တလာမင်းယာဉ်လိုင်းမိသားစုက ကားတစ်စီးစာ သိန်း၁၅၀လှူဒါန်းသည့် အောက်ဆီဂျင်ကားလဲပါဝင်သည်ဟု သိရသည်။