ရေဝေးမှာ အလောင်းတွေ ပုံမနေပါဘူးဟု မြဝတီက
ကြေညာပြသသွားသော်လည်း
မီးသဂြိုလ်ရမည့် အလောင်းများကို
ဖွက်ခိုင်းထားပြီး လိမ်ညာကာ
ရုပ်သံရိုက်ကူးခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းမှူးရေးဝေးလာရောက်စဥ် အလောင်းများကို
သုဿန်နောက်ဖက်သို့ ဖရိုဖရဲဖြင့် ယာယီစုပုံကာ
အရှေ့မျက်နှာစာ သန့်ရှင်းရေးလုပ်ကာ ရေဝေးသုဿန်တည်ငြိမ်
အေးဆေးနေပီဖြစ်ကြောင်း ရုပ်သံရိုက်ကူးပီး MWD မှ
ထုတ်လွှင့်ပြသခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီလာရောက်စဥ်အတွင်း မီးသဂြိုလ်ရန်လာရောက်သော
နိဗ္ဗာန်ယဥ်များ ပရဟိတလူနာတင်ကားများကို အလောင်းများ
အား အောက်သို့မချခိုင်းသေးပဲ ကားအတန်းလိုက် တန်းစီ
ရပ်တန့်စောင့်ဆိုင်းခိုင်းခဲ့သည်ဟုလည်း ထပ်မံသိရှိရပါသည်။