စစ်ဘောမတစ်ကောင်ကြောင့် ပြည်မြို့တော့ စစ်ဖိနပ်အောက် ရောက်သွားပြီ

Local News

စစ်ဘောမတစ်ကောင်ကြောင့် ပြည်မြို့တော့ စစ်ဖိနပ်အောက် ရောက်သွားပြီ

အခုတင်ဆက်ပေးမယ့် သတင်းကတော့ စစ်ဘောမတစ်ကောင်ကြောင့် ပြည်မြို့တော့ စစ်ဖိနပ်အောက် ရောက်သွားရတဲ့ ရင်နာဖွယ် သတင်းပဲဖြစ်ပါတယ်

ဟုတ်ပါတယ် စစ်တပ်နဲ့ ရာအိမ်မှူးပေါင်းပြီး ပြည်မြို့ကို ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ချုပ်ခြယ်နေတာပါ။

ကိုယ့်ဘာသာ အပြင်ထွက်စရာရှိရင် အရင်ကလို စိတ်ကြိုက် ထွက်မရပါဘူး။ ရာအိမ်မှူးဆီ ခွင့်တောင်းရပါတယ်။

ရာအိမ်မှူးက အပြင်ထွက်ဖို့ ကတ်ပေးပါတယ်။ အဲဒီကတ်နဲ့ အပြင်ထွက်တာ တစ်နာရီပဲ ခွင့်ပြုပါတယ်တဲ့နော်။ တစ်နာရီပြည့်တာနဲ့ ရာအိမ်မှူးဆီ ဆရာရေ ကတ်လဲပေးပါဦးဆိုပြီး လက်မှတ်သွားထိုး ကတ်အသစ်ထုတ်ရမှပါ။ ကိုဗစ်အကြောင်းပြပြီး ခုလို ဖိနှိပ်ချုပ်ခြယ်တာ ဖြစ်ပါတယ်။

မာလာရှမ်းကောသွားစားရင်တောင် အနည်းဆုံး တစ်နာရီခွဲ နှစ်နာရီလောက်ကြာတဲ့ ခေတ်ကြီးမှာ တစ်နာရီနဲ့ ဘာသွားလုပ်မလဲနော်။ ကတ်မပါဘဲ အပြင်ထွက်ရင်လည်း ဒဏ်ငွေ ၅ သောင်းပါတဲ့။ ဒဏ်ငွေမဆောင်ဘဲ ပြေးမယ်တော့မကြံလိုက်နဲ့ နောက်ကနေ ဒိုင်းဒိုင်းနဲ့ လိုက်ပစ်မှာပါတဲ့နော်။

ဒီထက်ပိုဆိုးတာက ရာအိမ်မှူးတစ်ယောက်ကို ကတ် ၆ ကတ်ပဲပေးထားတာပါတဲ့။ အိမ်ခြေတစ်ရာမှာ ၆ ကတ် ဆိုတော့ လူ ၆ ယောက် အပြင်ထွက်နေရင် ပြန်လာတဲ့အထိ စောင့်ပြီးမှ ကတ်ထပ်ရမှာပါ။ ဘယ်လောက် အလုပ်ပျက် အကိုင်ပျက်လိုက်လေခြင်းလဲ။ မြန်မာနိုင်ငံသားများအားလုံး ဒီလိုလူယုတ်မာတွေနဲ့ ကင်းဝေးစေဖို့ ဆုတောင်းပေးပါတယ်။

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သုတ၊ ရသ စုံလင်စွာနဲ့ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်…

Leave a Reply