မိန်းကလေးတွေရဲ့ အားသာချက်ကတော့
ကောင်လေးတွေကို ကျီစားတတ်တဲ့၊
ချစ်စရာကောင်းသော အနိုင်ကျင့်ခြင်းပါပဲ။
ရာသီခွင်အလိုက် ဘယ်သူက ကောင်လေးတွေကို
ဒုက္ခရောက်စေလဲဆိုတာကို ကြည့်ရအောင်။
၁ – ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း
သူကတော့ ဘာကိုပဲလုပ်လုပ် ခေါင်းထဲမှာ အားလုံးကို
အစီအစဉ်တကျ စဉ်းစား ဆုံးဖြတ်ပြီးသားဖြစ်ပါလိမ့်မယ်။
အချစ်ရေးမှာလည်း စဉ်းစားပြီးသားဖြစ်လိမ့်မယ်။
သူ့ရည်စားနဲ့တွေ့ပြီး ၁၀ ကြိမ်လောက်မှ
လက်လေးကို ထိခံမယ် စသည်ဖြင့်။
တကြိမ်စဉ်းစားဆုံးဖြတ်ပြီးသား ကိစ္စကို
ဘယ်တော့မှ မပြောင်းလဲချင်ပါ။
၂ – ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း
သူကတော့ လယ်ကွင်းထဲမှာရှိတဲ့ နွားလေးလိုပါပဲ။
အချိန်တိုင်းလိုလို အေးအေးဆေးဆေးပါ။
နောက်ပြီး ယောင်္ကျားလေးတွေကို
အနိုင်ကျင့်တဲ့နေရာမှာလည်း နှစ်ယောက်မရှိပါ။
မွေးရာပါ ထူးခြားချက်လေးဖြစ်ပါလိမ့်မယ်။
၃ – ဗိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း
သူကတော့ ကျီစားတဲ့နေရာမှာတော့
အတော်ဆုံးလို့ ပြောရမှာပါ။
လှချောတဲ့မိန်းကလေးတွေများတဲ့အတွက်
ယောင်္ကျားလေးတွေကို လိုသလို
အသုံးချသွားတတ်သူပါ။
ရည်စားဖြစ်တာတောင် တော်တော်နဲ့
အခွင့်အရေးကို မပေးတာက သူပါပဲ။
၄ – သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်မှုကို အလေးထားသူပါ။
ဒါတွေမရှိရင်တော့ သူလည်း အနိုင်ကျင့်တတ်သူပါ။ သတိထားပါ။
၅ – မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း
ရည်းစားဖြစ်ချင်သူ၊ ရည်စားကို တကယ်ပြန်စဉ်းစားကြည့်ရင်
အားလုံးက ထင်တာထက်မြန်နေလားမသိပါလို့ဆိုပြီး ကျီစားချင်သောသူပါ။
၆ – မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း
Line၊ Viber တို့ကိုသုံးပြီး Msg တွေနဲ့ စစ်ဆင်ရေးလုပ်နေသောသူဖြစ်ပါလိမ့်မယ်။
ချက်ချင်းဘာလုပ်၊ဒါလုပ်ဆိုပြီး အနိုင်ကျင့်ပြီး ပျော်နေတတ်သူပါ။