အချစ်ရေး စိတ်ဝင်စားကြတဲ့ ယောကျ်ားလေး၊ မိန်းကလေးတွေ
ကိုယ့်ရဲ့ အချစ်ရေးအတွက် ဂဏန်းဗေဒင် တွက်ကြည့်ပါ။
အချစ်ရေးကံကို သိချင်တယ်ဆိုရင်တော့ ဒီဂဏန်းဗေဒင်ကို
လိုက်တွက်ကြည့်ရအောင်နော်။
(၁) ဂဏန်းသမားများ
နှစ်တနှစ်ရဲ့ ဘယ်လမှာပဲ မွေးမွေး
မွေးရက် (၁၊ ၁၀၊ ၁၉၊၂၈)
မွေးတဲ့သူတွေအားလုံးက
(၁) ဂဏန်းသမားတွေပါ။
(၁) ဂဏန်း ပိုင်ရှင်ကတော့
အချစ် မေတ္တာဆိုတာ
နှလုံးသားရော၊ ဦးနှောက်ပါ
ဆုံးဖြတ်တတ်တဲ့သူတွေပါ။
လက်တွဲဖော် ရွေးချယ်တဲ့အခါမှာလည်း
ဦးနှောက်ကို ထည့်ပြီး စဉ်းစားတတ်ကြပါတယ်။
ကိုယ့်အပေါ် နားလည်ပေးတဲ့သူကိုပဲ
ရွေးချယ်တတ်ကြပါတယ်။
အချစ်ကံခေတာကတော့
အချစ်ဆုံးနဲ့ ဝေးရတတ်ပြီး
ချစ်သူက တစ်ယောက်၊
လက်ထပ်ရတဲ့သူက တစ်ယောက်
ဖြစ်တတ်ပါတယ်။
အသက်(၁၆) နှစ်ကနေ
(၂၂) အတွင်းမှာ အချစ်ကံခေပြီး
(၂၂) ကျော်မှ ရင့်ကျက်ပြီး
နှလုံးသားနဲ့ ချစ်တတ်တဲ့
ချစ်ခြင်းမေတ္တာ ရရှိမှာပါ။
(၂) ဂဏန်းသမားများ
မွေးရက် (၂၊ ၁၁၊ ၂၀၊ ၂၉) ရက်မှာ
မွေးတဲ့သူ အားလုံးက (၂) ဂဏန်းသမားတွေပါ။
ချစ်မိပြီဆိုရင်လည်း အရာရာပေးဆပ်
ချစ်တတ်ပြီး မုန်းပြီဆိုရင်လည်း
လုံးဝလှည့်မကြည့်တတ်သူတွေပါ။
မေတ္တာတရားနဲ့ သစ္စာတရားကို
အလေးအနက်အထားပေမယ့်
ဂုဏ်နဲ့ ငွေကြေးကို
အဓိကထားတယ်လို့
အထင်လွဲခံရတတ်ပါတယ်။
အသက်(၂၅) နှစ် အထိ
ချစ်သူရဲ့ ကတိစကားတွေကြောင့်
စိတ်သောက ရောက်တတ်ပါတယ်။
(၃) ဂဏန်းသမားများ
မွေးရက် (၃၊ ၁၂၊ ၂၁၊ ၃၀) ရက်မှာ
မွေးတဲ့သူအားလုံးက (၃) ဂဏန်းသမားတွေပါ။
လူချစ်လူခင်ပေါများပြီး
ရည်းစားလည်း များပါတယ်။
အချစ်စိတ်နဲ့ ဆိုးနွဲ့သမျှကို
နားလည်ခွင့်ပေးတတ်တဲ့သူမျိုး ဖြစ်ပြီး
ဆုံးဖြတ်ချက်ချပြီးမှ အမှားလုပ်မိသလို
ပြန်ခံစားတတ်တဲ့သူဆိုလည်း မမှားပါဘူး။
နှလုံးသားပေါ်မှာ ဦးစားပေးတတ်သူဖြစ်ပြီး
တစ်ယောက်တည်းကိုလည်း
အသည်းနှလုံး ပုံပေးပြီး
ချစ်တတ်သလို တပြိုင်တည်း
အခြားသူတစ်ဦးပေါ်မှာလည်း
ချစ်နိုင်ကြတဲ့သူတွေပါ။
(၄) ဂဏန်းသမားများ
မွေးရက် ၄၊ ၁၃၊ ၂၂၊ ၃၁ ရက်နေ့
မွေးတဲ့သူတွေ အားလုံးက
(၄) ဂဏန်းသမားတွေပါ။
အစွဲအလမ်းကြီးပြီး
တစ်ဖက်စွန်းကျတတ်တဲ့သူပါ။
နှလုံးသားရေးရာ စိတ်သောက
ကြုံတတ်ပြီး ဒွိဟ ဖြစ်နေတတ်ပါတယ်။
ရိုးသားပြီး ကိုယ့်ကြောင့် တခြားသူ
စိတ်ချမ်းမြေ့တာကို လိုချင်တဲ့
သူတွေလည်း ဖြစ်ပါတယ်။
အနစ်နာခံတတ်တဲ့သူတွေကလည်း
(၄) ဂဏန်း သမားတွေပါပဲ။
(၅) ဂဏန်းသမားများ
မွေးရက် (၅၊ ၁၄၊ ၂၃ )
ရက်မွေးတဲ့သူတွေကတော့
(၅) ဂဏန်းသမားတွေပါ။
စိတ်ဓါတ်ခိုင်မာပြီး
ဒွိဟဖြစ်လေ့ဖြစ်ထ ရှိပါတယ်။
အလွယ်တကူဆုံးဖြတ်ချက်ချလေ့
မရှိပါဘူး။
ကိုယ့်အပေါ်မှာ တလေးတစား
တန်ဖိုးထားတတ်သူ၊
အထောက်အကူပေးနိုင်တဲ့သူကို
ရွေးချယ်လေ့ ရှိပြီး ရွေးရခက်တဲ့
ကိစ္စတွေ ကြုံလာတယ်ဆိုရင်
နှလုံးသားကိုပဲ ဦးစားပေးတတ်သူတွေပါ။