တနင်္ဂနွေသားသမီး
မိမိကိုချစ်ခင်စေလိုသော် ကံကော် ၂ညွန့်ကို ဆောင်ပြီး
အရှေ့တောင်အရပ်ကို ခဏလျှောက်သွားပြီး ချစ်ခင်စေလိုသူအား
တောင်အရပ်ကို မျက်နှာမူပြီး စကားပြောပါလေ။
မိမိအား ချစ်ခင်နှစ်သက်လာလိမ့်မည်။
တနင်္လာသားသမီး
မိမိကို ချစ်ခင်စေလိုသော် ဇီး ၃ညွန့်ဆောင်ပြီး
တောင်အရပ်သို့ ခဏလျှောက်သွားပြီးချစ်ခင်စေလိုသူအား
အနောက်အရပ်ကို မျက်နှာမူပြီး စကားပြောပါ။
မိမိအား ချစ်ခင်နှစ်သက်လာလိမ့်မည်။
အင်္ဂါသားသမီး
မိမိကို ချစ်ခင်စေလိုသော် ရွက်လှ ၄ညွန့်ဆောင်ပြီး
အနောက်အရပ်သို့ ခဏလျှောက်သွားပြီး ချစ်ခင်စေလိုသူအား
မြောက်အရပ်ကို မျက်နှာမူပြီး စကားပြောပါလေ။
မိမိအား ချစ်ခင်နှစ်သက်လာလိမ့်မည်။
ဗုဒ္ဓဟူးသားသမီး
မိမိကို ချစ်ခင်နှစ်သက်စေလိုသော် မေမြို့ ၅ပွင့်ဆောင်ပြီး
မြောက်အရပ်သို့ ခဏလျှောက်သွားပြီး ချစ်ခင်စေလိုသူအား
အနောက်တောင်အရပ်ကို မျက်နှာမူပြီး စကားပြောပါလေ။
မိမိအား ချစ်ခင်နှစ်သက်လာလိမ့်မည်။
ကြာသပတေးသားသမီး
မိမိကို ချစ်ခင်နှစ်သက်လာစေလိုသော် သီဟိုဋ္ဌ် ၆ညွန့်ဆောင်ပြီး
အနောက်တောင်အရပ်သို့ ခဏလျှောက်သွားပြီး ချစ်ခင်စေလိုသူအား
အရှေ့မြောက်အရပ်ကို မျက်နှာမူပြီး စကားပြောပါလေ။
မိမိအား ချစ်ခင်နှစ်သက်လာလိမ့်မည်။
သောကြာသားသမီး
မိမိကိုချစ်ခင်နှစ်သက်လာစေလိုသော် ဒန်း ၇ညွန့်ဆောင်ပြီး
အရှေ့မြောက်အရပ်ကို ခဏလျှောက်သွားပါ။
ချစ်ခင်စေလိုသူအား အရှေ့အရပ်ကို မျက်နှာမူပြီး
စကားပြောပါလေ။
မိမိအား ချစ်ခင်နှစ်သက်လာလိမ့်မည်။
စနေသားသမီး
မိမိကို ချစ်ခင်နှစ်သက်စေလိုသော် အုန်း ၁ညွန့်ဆောင်ပြီး
အရှေ့အရပ်သို့ခဏလျှောက်သွားပြီး ချစ်ခင်စေလိုသူအား
အရှေ့တောင် အရပ်ကို မျက်နှာမူပြီး စကားပြောပါလေ။
မိမိအား ချစ်ခင်နှစ်သက်လာလိမ့်မည်။