ချစ်သူသမီးရည်းစားဘဝမှာ
ရန်ဖြစ်လေ ပြန်ချစ်လေဆိုပေမယ့်
တခါတလေမှာတော့ အခြေအနေတွေ
တင်းမာပြီး အချိန်အကြာကြီး
စကားမပြောဘဲ အဆက်အသွယ်ပြတ်တာမျိုး
ဖြစ်တတ်ပြီး စိတ်ညစ်စရာတွေ ကြုံတာမျိုး
ရှိပါတယ်။ ဒီလိုအခက်အခဲလေးတွေ
ပြေပျောက်ဖို့ဆိုရင်တော့
ဒီယတြာလေး ဆောင်ရွက်ကြည့်လို့ ရပါတယ်။
ယတြာ
ချစ်သူနှစ်ဦး ပြန်လည်အဆင်ပြေစေဖို့
ယတြာ ပြုလုပ်တဲ့အခါ အဓိက လိုအပ်တဲ့
အရာကတော့ သပြေရွက် အရွက်ညီနှစ်ရွက်ပဲ
ဖြစ်ပါတယ်။ ပန်းအိုးထိုးတဲ့ သပြေပဲဖြစ်ဖြစ်၊
စားလို့ရတဲ့ သပြေသီး သီးတဲ့အပင်ကပဲဖြစ်ဖြစ်
ရပါတယ်။ အရွက်ညီတဲ့ သပြေရွက် ဖြစ်ဖို့ပဲ လိုပါတယ်။
သပြေရွက်တစ်ရွက်ရဲ့ အတွင်းဘက် မျက်နှာပြင်
ရွက်ကြောအပေါ်ဘက်နေရာမှာ
အညှာဘက်ကနေ အဖျားဘက်ကို
ကောင်လေးရဲ့နာနည် ရေးပါ။
ရွက်ကြောရဲ့ အောက်ဘက်မှာ
မိန်းကလေး နာမည်ရေးပါ။
နောက်တစ်ရွက်မှာတော့
ရွက်အလယ်ကြောရဲ့ အောက်ဘက်ခြမ်းမှာ
“အချစ်ရေး စိတ်ချမ်းသာပျော်ရွှင်ရပါစေ” ဆိုပြီး
စာရေးပါ။ ပြီးရင်တော့ အဲဒီသပြေနှစ်ရွက်ကို
မျက်နှာချင်းဆိုင် ထပ်လိုက်ပါ။
သပြေရွက် စုံတွဲလေး ဖြစ်သွားပြီဆိုရင်
ပုဝါအသေး ပန်းရောင် ဒါမှမဟုတ်
အဖြူရောင် တစ်ထည်ထဲမှာ ထည့်ပြီး
ထုပ်လိုက်ပါ။ အဲဒီပုဝါနဲ့ ထုပ်ထားတဲ့
သပြေရွက်အတွဲလေးကို ကိုယ်နဲ့အနီးဆုံးနေရာမှာ
ဆောင်ထားရပါမယ်။ အိတ်ကပ် ဒါမှမဟုတ်
ပိုက်ဆံအိတ်လို နေရာမျိုးမှာ ထားပါ။
ဘယ်အချိန်မဆို သပြေရွက်ထည့်ထားတဲ့ ပုဝါကို
ညာဘက်လက်မှာ ကိုင်ပြီး အချစ်ရေးအဆင်ပြေပါစေ၊
အမြန်ဆုံး အဆက်အသွယ် ပြန်ရပါစေ ဆိုပြီး ပြောပေးပါ။
ခဏခဏ လုပ်မယ်ဆိုရင်လည်း လုပ်လို့ရပါတယ်။
သပြေရွက် နှစ်ရွက်ပေါ်မှာ စာရေးရမယ့် နေ့ရက်၊ အချိန်ကတော့
တနင်္လာနေ့ နေ့လည်(၃) နာရီကနေ (၄) နာရီခွဲအတွင်းမှာ
ရေးရမှာ ဖြစ်ပါတယ်။
ဒီလိုမျိုး သပြေရွက်အတွဲလေးကို
ကိုယ့်အနားမှာ အမြဲထားပြီး အဆင်ပြေပါစေလို့
ပြောပေးမယ်ဆိုရင် (၁၁) ရက်ကနေ (၁၁) ပတ်အတွင်းမှာ
ချစ်သူနဲ့ ပြန်လည်သင့်မြတ်ပြီး အဆင်ပြေသွားမှာပါ။
ချစ်တတ်သူတိုင်း အဆင်ပြေကြပါစေ…။