ဆီးချိုရောဂါရှိပြီး ကိုဗစ်-၁၉ ဖြစ်ရင် ဘာကျွေးရမလဲ ?
1. ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ – တရုတ်ပန်းကန်လုံး ၂-၃ လုံး စားပါ
(သွေးချိုပေါ်မူတည် ၍ အလျှော့အတင်း ရှိနိုင်သည်)
2. အသား (အရေခွံမပါ) – ၅-၁၀ ကျပ်သားစားပါ
3. ကြက်ဥ အကာ ၃-၄ လုံး
4. ပဲ – ခွက် တဝက် လောက် စားပါ
5. အရွက် – စားနိုင်သလောက် စားပါ
6. အသီး (နာနတ်သီး၊ ဖရဲသီး၊ သရက်သီး၊ ဒူးရင်းသီး ကလွဲရင်)
- ဆီးချို ပုံမှန်ထဲ ရှိပါက ခွက် တဝက် ကနေ တစ်လုံး အထိ စားနိုင်သည်။ (အစာကြီး နှင့် ခြားစားပါ)
7. နို့ – အဆီထုတ်ထားတဲ့ နို့ (low fat milk) (သို့မဟုတ်) အာဟာရမှုန့်
(အရေးကြီးတာ က ထမင်းတွေ အချိုတွေ အများကြီး စားပြီး ဒါတွေ ပါ ထပ်စားရင်တော့ ဆီးချို တွေ ပိုတက်နိုင်ပါတယ်။)
8. Multivitamin အားဆေး တခုခု ရှိရင် သောက်ပါ။
(မရှိရင် အထက်ပါ ပြောတဲ့ အတိုင်း အာဟာရပြည့်အောင်စားပါ။)
မှတ်ချက်- vitamin C,D သောက်ရမလား ????
– ရှိရင် သောက်လိုက်ပါ၊ မရှိတာ ကို ဆေးဆိုင်မှာ တိုးကြိတ်ပြီးသွားဝယ်မှ ကူးလာပါမယ်။
ဒါတွေ က အခုထိ ရောဂါ ပျောက်စေတယ်လို့ ပြောထားတာ မရှိပါ။ ဒါကြောင့် မဖြစ်မနေ သောက်ရန် မလိုပါ။