NUG ထီဘယ်လိုရောင်းမှာလဲ၊ လမ်းဘေးက ကလေးတွေနဲ့ ဘတ်စ်ကားပေါ်လိုက်ရောင်းမှာလား?
အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ NUG ထီဘယ်လိုရောင်းမှာလဲ၊ လမ်းဘေးက ကလေးတွေနဲ့ ဘတ်စ်ကားပေါ်လိုက်ရောင်းမှာလား ဆိုတဲ့မေးခွန်းကို လေ့လာဆန်းစစ်ပြီး သတင်းအဖြစ် တင်ဆက်ပေးမှာ ဖြစ်ပါတယ်…
NUG ထီဘယ်လိုရောင်းမလဲဆိုတော့
အဖြေကရှင်းပါတယ် 21 ရာစုပါ
ကုန်းဘောင်ခေတ်မဟုတ်တော့ပါဘူး
ထီလက်မှတ်ကြီးကိုင် ငွေထုပ်ကြီးထမ်းလမ်းသလားရမည့် ကာလမဟုတ်တော့ပါ။
မိတ်ဆွေတို့ရဲ့ ဖုန်း၊ ကွန်ပြူတာ၊ တက်ဘလက်တွေက ထီလက်မှတ်တွေ၊
ငွေထုပ်ကြီးတွေ၊ ကား၊ ရထား၊ လေယာဉ်လက်မှတ် ဖြစ်ကုန်တဲ့ digitalization ခေတ်ကြီးပါ။
ကွီဖြိုးက ဒီလို Digital lottery ဒီဂျစ်တယ်
ထီလက်မှတ် ရောင်းဖို့ စီစဉ်ခဲ့ဘူးပါတယ်။
ဒါပေမယ် မအလတို့ရဲ့နှောက်ယှက်မှု့ ကြောင့်
ကြန့်ကြာခဲ့ရပါတယ်။
ဒီဂျစ်တယ်နည်းဖြင့်ရောင်းရင်
အရောင်းကိုယ်စားလှယ်မလိုတော့လို
ဈေးပိုပေးရတာမျိုးမရှိနိုင်ပါ။
နောက်ထပ်သတင်းကောင်းက
ထီပေါက်နိုင်ခြေများလာစေရန်
ဂဏန်းတွေရှေ့က (က..ခ..ဂ)စတဲ့ အက္ခရာတွေကို ဖြုတ်ပြစ်မှာပါ။
အချိန်အားဖြင့်လည်း အချိန်တိုအတွင်း ထီပြန်ဖွင့်နိုင်ပါတယ်။
ထီပေါက်စဉ်တိုက်စရာမလိုပဲ ထီဖွင့်ရက်မှာ ထီပေါက်ခြင်းကို ချက်ခြင်းသိရမှာဖြစ်လို့ ထီပေါက်စဉ်ဝယ်စရာမလိုပါ။
Digital ထီတိုက်စံနစ်ထည့်ပေးထားလို့ ကိုယ့်တိုင်လည်း ထီတိုက်နိုင်မှာပါ။
ပေါက်တဲ့ ငွေက ကိုယ့်ဖုန်းထဲရောက်လာမှာ ဖြစ်ပါတယ်။
ဥပမာ..Wave Money လိုမျိုးပါ။
ပြီးရင် သက်ဆိုင်ရာငွေကြေး ဝန်ဆောင်မှု လုပ်ငန်းတွေမှာကိုယ့်ရဲ့ QR Code ကလေး ပြလိုက်ယုံပါဘဲ။
ရေးသားသူ Soe Naung
မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သုတ၊ ရသ စုံလင်စွာနဲ့ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်…