United Nation မှာ NUG နဲ့ SAC(စကစ)
ဘယ်အစိုးရရဲ့ အမြဲတမ်းတမ်းကိုယ်စားလှယ်ကို
အသိအမှတ်ပြုမလဲဆိုတာကို အဆုံးအဖြတ်ပေးမယ့်
Credential Challenge အတွက်
facebook Profile Frame Campaign တစ်ခုကို
ပြည်သူအများအပြားမှ ပြုလုပ်လျက်ရှိပါတယ်။
မြန်မာနိုင်ငံအတွက် အင်မတန် အရေးကြီးတဲ့၊
ကမ္ဘာ့အလယ် မြန်မာနိုင်ငံကို တရားဝင်ကိုယ်စားပြုခွင့် (Credential)
အခွင့်အရေးကို ကျနော်တို့ ပြည်သူတွေ ထောက်ခံယုံကြည်တဲ့
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရရှိရေးအတွက်
ယခုကဲ့သို့ Profile Campaign လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။
နာမည်ကြီးအားကစားသမားနှင့် ကိုတေဇာဆန်းကဲ့သို့သော
ကျော်ကြားသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ
အများအပြားလည်း ပါဝင်လုပ်ဆောင်နေကြောင်းတွေ့ရတယ်။
Facebook Profile Frame Link တွင် ပါဝင်နိုင်သည်။
စာသားများအနေဖြင့် –
#WeSupportNUG
#AcceptNUG
#RejectSAC
#TakeAction
#NoMoreWords
စသည့် စာသားများကို ရေးသားထားကြကြောင်း တွေ့မြင်ရပါသည်။