ကားမောင်းသူတိုင်း သိထားသင့်တဲ့ မော်တော်ကား ပြုပြင်ထိန်းသိမ်းဖို့ နည်းလမ်းများ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကားမောင်းသူတိုင်း သိထားသင့်တဲ့ မော်တော်ကား ပြုပြင်ထိန်းသိမ်းဖို့ နည်းလမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ခုခေတ်ကားတွေကို ကွန်ပျူတာစနစ်တွေနဲ့ ထိန်းထားပါတယ်။ ပြီးတော့ ရှုပ်ထွေးတဲ့ Ignition စနစ်တွေနဲ့ injection စနစ်တွေလဲ ပါပါတယ်။ တကယ် တတ်ကျွမ်းတဲ့ အင်ဂျင်နီယာတစ်ယောက်ကို အချိန်ပေးပြီး စစ်ဆေးခိုင်းပါ။
ကား ဆောင့်ထွက်တာဟာ ဖြည်းဖြည်းထွက်တာထက် ဆီပိုကုန်ပါတယ်။ ကိုယ့်မောင်းတဲ့ စတိုင်ကိုပြောင်းလဲရုံနဲ့ ဆီချွေတာနိုင်ပါတယ်။
ညစ်ပါတ်နေတဲ့ Air filter တစ်ခုဟာ အင်ဂျင်ရဲ့စွမ်းဆောင်ရည်ကို ကျစေပါတယ်။ Air Filter ညစ်ပတ်နေရင် အလွယ်တကူ သိနိုင်ပြီး လဲရလည်း လွယ်ကူကာ ငွေလဲ သိပ်မကုန်ပါဘူး။
အင်ဂျင်အအေးပေးစနစ် ချို့ယွင်းရင် ယိုနေတဲ့အပိုင်းတွေကို ကြပ်သင့်လျှင်ကြပ်၊ အသစ်လဲသင့်ပါက လဲပေးပါ။ ယိုနေတဲ့ နေရာတွေကို သိဖို့ ဖိအားပေး စမ်းသပ်မှု လုပ်နိုင်ပါတယ်။
ကောင်းကောင်းမခုတ်တဲ့ အင်ဂျင်ကို ဆောင်းတွင်းမရောက်ခင် ပြင်ဆင်ပါ။ ဆောင်းရာသီ မရောက်ခင်မှာ အင်ဂျင်ပြသနာအားလုံး ဖြေရှင်းထားပါ။
Heating Systemကို စစ်ဆေးပါ။ Radiator ကို ယိုနေတာတွေ ရှိ/မရှိ သေချာစစ်ပါ။ Radiator နဲ့ Heater မူလီခေါင်းတွေ၊ ပိုက်ခေါင်းတွေကိုလဲ လဲသင့်ပါက လဲပါ။
Fuse Box ကို တွေ့အောင်ရှာပြီး Fuse တပ်ထားတဲ့ ဆားကစ်တွေနဲ့ ရင်းနှီးမှုရှိအောင် ကြည့်ထားပါ။ အမ်ပီယာတူသော (fuse) ဖြူ့စ်အပိုတွေလဲဆောင်ထားပါ။
ဆောင်းတွင်းမှာ ချောဆီ ခဲတတ်ပါတယ်။ ရာသီဥတုနဲ့ သင့်ကားအမျိုးအစားပေါ် မူတည်ပြီး သင့်တော်တဲ့ ဆီကို ထည့်ပါ။ စက်နှိုးရ ပိုလွယ်ပါလိမ့်မယ်။
သင့်ရဲ့ လေကာမှန်သုတ် ဆေးရည်ကို သေချာဖြည့်ထားပါ။ ဆောင်းတွင်းနဲ့ မနက်ခင်း စောစောတွေမှာ သင် အများကြီး သုံးရမှာပါ။
သင့်ရဲ့ကားထဲက Transmission,master cylinder, clutch cylinder နဲ့ Washer Solvent Reservoir က အရည်တွေကို အပြည့် ဖြည့်ထားပါ။ Engine oil လဲပါ။ သင့်ကားထုတ်လုပ်တဲ့ Company မှ သတ်မှတ်ထားတဲ့ အချိန်တွေမှာ Filter တွေ လဲပေးပါ။
ဓာတ်ဆီပို့တဲ့စနစ်တစ်ခုလုံးကို သန့်ရှင်းရေးလုပ်တာဟာ သင့်အင်ဂျင်ကို အသစ်တစ်လုံးလို အားပိုကောင်းလာအောင် ပြန်ထည်ထိန်းသိမ်းပေးနိုင်ပါတယ်။ ဆီစစ် Filter တွေကိုလဲ ဂရုစိုက်ပေးပါ။
ဖေဖော်ဝါရီလဟာ သင့်ကားတာယာတွေကို နွေရာသီမရောက်ခင် စစ်ဆေးဖို့ အကောင်းဆုံး ရာသီပါ။ တာယာနဲ့ ကားထုတ်လုပ်သူတွေရဲ့ အညွှန်းအတိုင်း လုပ်ဆောင်ပါ။
ဘရိတ်တွေဟာ တစ်နှစ်ကို နှစ်ခါ စစ်ဆေးသင့်ပါတယ်။ နွေမရောက်ခင်နဲ့ ဆောင်းမဝင်ခင် ကာလတွေမှာ စစ်ဆေးသင့်ပါတယ်။
သင့်ကား cooling system က coolant အရည်ကို kilo 50000၊ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ ကာလရောက်ရင် ဖြည့်ပါ။
ဆီထဲမှာ ထည့်ရတဲ့ Additive တွေဟာ သင့်ကားအင်ဂျင်ကို ကာလတာရှည် ကြာရှည်ခံဖို့ ကူညီပါတယ်။ ဆီစားနှုန်းလဲ သက်သာစေပြီး အင်ဂျင်စွမ်းဆောင်ရည်ကိုလဲ တက်လာစေပါတယ်။
အင်ဂျင် coolant ဟာ သင့်အင်ဂျင် Radiator ကို အရမ်းအေးရင် ခဲမသွားဖို့နဲ့ အရမ်းပူရင် အပူလွန်မသွားဖို့ ကူညီပေးပါတယ်။
အော်တိုဂီယာဆီ ကို သေချာစစ်ဆေးပါ။ အဲဒါဟာ ဂီယာကြွေခြင်းကို တားဆီးပေးပြီး ဂျီးမတက်အောင် ကာကွယ်ပေးတဲ့ ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။
Engine oilကို (kilo 5000)ပြည့်တိုင်း တစ်ကြိမ် အသစ်လဲပေးရပါမယ်။
ဝိုက်ပါတွေဟာ သုံးချက်ယမ်းတာနဲ့ မှန်တစ်ခုလုံးကို သန့်ရှင်းပေးနိုင်စွမ်း ရှိရပါမယ်။ ဝိုက်ပါတံတွေကို ဆေးလို့ မရရင် အသစ်လဲပါ။အနည်းဆုံး ၁နှစ်လျှင် ၁ကြိမ်တော့ လဲပေးသင့်ပါတယ်။
မူရင်းတင်သူကို လေးစားစွာ crd ပေးပါတယ်။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။