ဆယ်တန်းအောင်လက်မှတ်ကို (၃) သိန်းဖြင့် ရောင်းစားမည့် စစ်ကောင်စီ

Local News

ဆယ်တန်းအောင်လက်မှတ်ကို (၃) သိန်းဖြင့် ရောင်းစားမည့် စစ်ကောင်စီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆယ်တန်းအောင်လက်မှတ်ကို (၃) သိန်းဖြင့် ရောင်းစားမည့် စစ်ကောင်စီ အကြောင်းပဲ ဖြစ်ပါတယ်။

စစ်ကောင်စီ၏ ဟန်ပြစာမေးပွဲ‌ဖြေဆိုရန် (၁)ပတ်ခန့်သာလိုတော့သည့် အချိန်တွင် (၃)သိန်းဖြင့် ကျောင်းအပ်ချစားမှုများခေတ်စားလာ။

အကြမ်းဖက်အာဏာလု စစ်ကောင်စီလက်အောက်ခံ အခြေခံပညာကျောင်း မူလတန်း မှ အလယ်တန်း အထိ စာမေးပွဲအား မတ်လ(၁၇)ရက်နေ့မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ စာမေးပွဲ ကျင်းပရန် နီးလာသည်နှင့် အမျှ ကျောင်းအပ်ခြင်းသည် စီးပွာရေးလုပ်ငန်းသဖွယ်‌ဖြစ်‌လာပေတော့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အ.ထ.က (၁) လသာ (အကြမ်းဖက်မင်းအောင်လှိုင် တက်ခဲ့ဖူးသော ကျောင်း)တွင် ယခု စာမေးပွဲဖြေရန် တစ်ပတ်အလိုမှ လာရောက် ကျောင်းအပ်နှံသူများကို တစ်ဦးလျှင် ၃သိန်းပေးပါက

စာမေးပွဲဖြေခွင့်ပေးမည်ဟု ဆိုကာ ပညာရေးကို စီးပွာရေးသဖွယ် လာဘ်ယူလုပ်စားလာ‌နေကြောင်းကို CDM ကျောင်းသား မိဘတစ်ဦးက VBT သို့ ဆက်သွယ်သတင်းပေးပို့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မတ်လ (၁၇)ရက်နေ့မှ မတ်လ(၁၉)ရက်နေ့အထိ တစ်ရက်လျှင် ၂ဘာသာကျ စာမေးပွဲ ဟန်ပြ‌ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သတင်းဌာန – VBT

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...