Burmese Ball ခေါ် ဂေါ်လီဋီကာ (၁၈ နှစ်ပြည့်မှဖတ်ပါရန်)
ပိုစ့်တစ်ခုမှာ ဂေါ်လီအကြောင်း
ကွန်းမန့်ဝင်ရေးမယ်လုပ်ပြီးမှ စိတ်ကူးပေါက်လို့
ပိုစ့်ပဲတင်လိုက်တော့တယ်။
(မဖတ်ခင် ကြိုပြောချင်တာက ဒီပိုစ့်ဟာ
ဘာအကျိုးကျေးဇူးမှ ရှိတဲ့ပိုစ့်မဟုတ်ပါ)
ဂေါ်လီ အကြောင်း ဒီခေတ်လူငယ်တွေ
ဗဟုသုတ သိရအောင်သာ..။
ဂေါ်လီထည့်ရင် ဘယ်နေရာမှာထည့်မလဲ..
အခြေခံကတော့
(1)တိုက်လုံး
(2)ခိုက်လုံး
(3)မိုက်လုံးဆိုပြီး သုံးမျိုးရှိတယ်။
ထည့်မယ့်လိင်တံရဲ့
အဖျား အလည် အရင်းပေါ့ဗျာ..။
အဲဒီမှာမှ
မြေလျှိုး နဲ့ မိုးပျံဆိုပြီး နှစ်မျိုးခွဲသေးတယ်။
အပေါ်မှာထည့်မလား
အောက်မှာထည့်မလားပေါ့..
အဲဒါကျတော့ လှေထိုးရိုးရိုး ပိုဇေရှင်နဲ့
ဒေါ့ကီစတိုင် နှစ်ခုအတွက် ရွေးချယ်ရမယ့်
အရာနှစ်ခုပေါ့။
တချို့ကလည်း နေရာမသေချာမှာစိုးလို့
တြိဂံပုံစံထည့်ကြတယ်။
ဆရာ့ဆရာတွေကျ အဲဒါတွေကိုအာရုံနောက်လို့
နဂါးပတ်လို အလုံးများများနဲ့ လိင်တံတလျောက်
ခွေချလိုက်တာပဲ။
နဂါးပတ်က ထည့်တဲ့သူ မကျွမ်းကျင်ရင်
ပြောင်ဖူးလိုဖြစ်သွားတတ်တယ်။
ဘယ် Feel ကိုယူရမယ်မသိဖြစ်သွားတတ်လို့
နဂါးပတ်က ဆရာကျတဲ့သူနဲ့ထည့်မှ။
အများစုက ဂေါ်လီဆို အလုံးတွေပဲ
ထည့်ကြပေမယ့် တချို့ ငစားမန်တွေက
ရှည်မျောမျော ဂလန့်တွေလည်းထည့်ကြတယ်။
ဂလန့်က လူသိနည်းတယ်။
ဂလန့်ရော အလုံးရော နှစ်ခုလုံးထည့်ထားရင်တော့
မြေအောက်လောကမှာ ”ဘုဂလန့် ”လို့
ခေါ်ကြတယ်။
ပုံမှန်ကတော့ အလုံးတွေပါပဲ။
ဂေါ်လီကို ဘယ်လိုဖန်တီးမလဲ..
ဂေါ်လီကို 70 ဘွန်းတွေက
ဖန်ပုလင်းကိုခွဲပြီး ပုလင်းဖင်ကို
ဂေါ်လီလုံးလိုဖြစ်နေအောင် သွေးကြတယ်။
ဒီလိုသွေးတာ ဂေါ်လီတစ်လုံးဖြစ်အောင်
တစ်ပတ်လောက်ကြာတတ်လို့
80 ဘွန်းတွေ အလှည့်မှာတော့
အရက်ပုလင်းက ဘောစေ့တွေကို ထုတ်ပြီး
အလွယ်တကူ ထည့်လိုက်ကြရော..
တချို့တွေက ငွေတွေ ရွှေတွေကို
ပန်းတိမ်မှာ လုံးပြီးထည့်ကြတယ်။
အဲဒါက အခန့်မသင့်ရင် ဘေးဖြစ်တတ်တယ်။
တချို့ကျ တွင်းထွက်ဖြစ်တဲ့ ပတ္တမြားကိုသုံးတယ်။
ဒါကျစျေးကြီးလှပါတယ်။
ဂေါ်လီထည့်ဖို့ အသင့်တော်ဆုံးက
ဘာလဲဆိုပြီးကျွန်တော့်ကိုလာမေးရင်တော့
ပုလဲကိုသာ ရီကွန်မန်းပေးရမယ်။
ကြိုက်တဲ့ဆိုဒ်ကို ရွေးဝယ်လို့ရတယ်။
စျေးသင့်တဲ့ ပုလဲတွေလည်းရှိတယ်။
ကမာကောင်လေး အသွေးအသားထဲကမို့
လူ့အသားထဲထည့်တဲ့အခါ ရွှေ ငွေတွေထက်
ဘေးထွက်ဆိုးကျိုးနည်းမယ်(ထင်တာပဲ)..။
ကဲဂေါ်လီရွေးပြီးရင် ထည့်ကြမယ်။
ဂေါ်လီထည့်မယ်ဆိုရင်
ထောင်ထဲမှာတော့ (ဓားမရှိလို့)
သွားပွတ်တံဖင် ၊ ဇွန်းဖင်ကို မြေ့နေအောင်သွေးပြီး
ထည့်ကြတယ်ပြောတယ်။
အပြင်မှာတော့ ဓားကိုအလွယ်တကူ
ဝယ်လို့ရလို့ ဓားနဲ့ထည့်ပေါ့။
ခွဲခန်းသုံး ဓားသေးသေးလေးနဲ့
အစိမ်းခွဲပြီးထည့်ကြတာများတယ်။
အမှန်ကန်ဆုံးဂေါ်လီထည့်နည်းက
ညအချိန်မှာ ထည့်တာအကောင်းဆုံး။
ဓားကို အရက်ပျံနဲ့ပိုးသတ်ပြီးရင်
ညအချိန် မီးမှိတ်ထားတဲ့အခန်းထဲမှာ
လုပ်ငန်းစပေတော့။
ထည့်မယ့်နေရာက လိင်တံအရေပြားကို ဆွဲလိုက်။
ဆွဲထားတဲ့အရေပြားကိုဒီဘက်ကနေ
ဓာတ်မီးနဲ့ထိုးရင် အရေပြားပါးပါးလေးထဲက
သွေးကြောနီနီလေးတွေကို
အမှောင်ထဲမှာ အထင်အရှားတွေ့ရမယ်။
အဲဒီသွေးကြောလေးတွေအောက်ကျသွားအောင်
လက်လေးနဲ့ ချေချ။
မဟုတ်ရင် သွေးကြောထိပြီး
သွေးအများကြီး ထွက်တတ်လို့။
ဓာတ်မီးနဲ့ထိုးထားတဲ့ အရေပြားမှာ
သွေးကြောတွေ မရှိတော့ချိန်ကျမှ
ဓားလေးနဲ့ ဆတ်ခနဲခွဲလိုက်..
ပြွတ်ခနဲ ဂေါ်လီထည့်လိုက်..
အဲဒီနေရာမှာအရေးအကြီးဆုံးက ထည့်ပြီးရင်
ဂေါ်လီကို အပေါ်ဖက်လေး နည်းနည်း
ဆွဲယူရတယ်။
မဟုတ်ရင် ခွဲထားတဲ့နေရာကနေ ဂေါ်လီက
ဗြွတ်ခနဲ ပြန်ထွက်လာတတ်လို့။
ဂေါ်လီထည့်ဖို့ အရေပြားခွဲတာကသိပ်မနာဘူး။
ဂေါ်လီထည့်ပြီးမှ အပေါ်ဆွဲပင့်ယူတာက
ပိုနာတာ..(လို့ ပြောကြတာပဲ..)။
တကယ်ဆရာကျတဲ့ ပုဂ္ဂိုလ်တွေဆို
အဲဒီအဆင့်တွေအကုန်ကို စက္ကန့် ၂၀
လောက်ပဲ ကြာတယ်။
(လက်တစ်ဖက်ထဲနဲ့နော်..)
လိင်တံအရည်ပြား ဖုံးနေသူတွေကတော့
ဂေါ်လီထည့်ရင် နည်းနည်းခေါင်းစားရတယ်။
နေရာရွေးပေမယ့် လိင်တံထောင်မတ်လာရင်
အရည်ပြားက နောက်ဆုတ်သွားလို့
လိုချင်တဲ့နေရာ မရတတ်ဘူး။
ဂေါ်လီထည့်ပြီးရင် ဘယ်လိုဂရုစိုက်မလဲ..
ဘာမှသိပ်မလိုဘူး။
ဆေးနီမှုန့်သိပ်.. ပတ်တီးစည်း။
ပတ်တီးကို တစ်လမလောက်နေရာနေ
အပေါက်လေးတစ်ခုဖောက်..
အဲဒီအပေါက်လေးထဲ ဂေါ်လီလေးကို
ဖော်ပြီးမှ စည်းရတယ်။
ရေချိုးမယ်ဆိုရင်တော့ ကြွပ်ကြွပ်အိပ်လေး
စွပ်ပြီးမှချိုး..
ရေထိရင် အနာမကျက်လို့။
ပုံမှန်ဆို အညော်မမိရင်
သုံးရက်နဲ့အနာကျက်တယ်။
ဒီကြားထဲ ကီးမို့နဲ့အမောက်ဆလင်လေး
သောက်ပေးရုံပဲ။
တစ်ပတ်လောက်နဲ့
အနာကျက်တယ်ဆိုပေမယ့်
လိင်ဆက်ဆံတာကိုတော့ တစ်လလောက်
စောင့်သင့်တယ်။
ဟယ်.. ငါ့ဂေါ်လီကြီး အထဲမှာ ကျန်ခဲ့ပြီ
ဆိုတာမျိုးတွေ မကြာခဏကြားဖူးလို့။
ဂေါ်လီထည့်ရင် စော်ကြည်သလား..
ဂေါ်လီထည့်ထားတဲ့အခါ အဲဒီဘုလုံးက
အမျိုးသမီးရဲ့နုနယ်တဲ့အတွင်းပိုင်းကို
အကြိမ်များစွာ ပွတ်တိုက်မိပြီး
အသားနုကနေ အသားမာဖြစ်လာတယ်လို့
ဆရာကြီးတွေကပြောကြတယ်။
အဲဒီအသားမာက လိင်မဆက်ဆံရတဲ့အခါ
ယားယံပါသတဲ့။
ဒါကြောင့်ဂေါ်လီနဲ့ဆက်ဆံပါများပြီး
လင်ယောက်ျားက ကျန်းမာရေးမကောင်းတာတို့
ခရီးရက်ရှည်သွားတာတို့ဆိုရင်
မိန်းမက လင်ငယ်နေတတ်သတဲ့။
(ပါးစပ်ရာဇဝင်တွေကို ပြောတာနော်..)
ဒါကြောင့် ဆရာကြီးတွေဟာ
မိန်းမယူခါနီးမှာ ဂေါ်လီပြန်ထုတ်ကြပါတယ်တဲ့။
(ဂေါ်လီထုတ်ရင်လည်း ဘာမှမခက်ဘူး။
ဂေါ်လီလုံးပေါ် အပ်ဖျားလေးနဲ့သာထောက်လိုက်..
အရည်ပြား တင်းအားနဲ့ ပတောက်ဆို
ကန်ထွက်လာရော..)
ဂေါ်လီဖြစ်ပေါ်လာပုံ..
ဂေါ်လီအစ မြန်မာကလို့ ဆိုရမှာဖြစ်ပါတယ်။
ဂေါ်လီကို အင်းဝခေတ် ၁၅ ရာစုလောက်ထဲက
အင်းဝသားတွေ တွင်တွင်ကျယ်ကျယ်
ထည့်ကြပါတယ်လို့ ဆရာခက်ဇော်ရဲ့
Ava 1740s (season 2) မှာရေးထားတယ်။
အင်းဝမြို့စွန် လေးထောင့်ဝဲရပ်မှာ
အမျိုးသမီးတွေကိုယ်တိုင် ရွှေစေ့ ငွေစေ့တွေကို
ဂေါ်လီလုပ်ဖို့ရောင်းပါသတဲ့။
ဂေါ်လီထည့်ဖို့ ဆေးဝါးအစုံအလင်နဲ့
ဆိုင်တွေဘာတွေ ဖွင့်ပြီးလုပ်ကိုင်ကြပါသတဲ့။
အဲဒီကတဆင့် ဂေါ်လီယဥ်ကျေးမှုဟာ
အန္ဒိယ တရုတ်အပါအဝင် ဥရောပအထိ
ပျံ့သွားပါတယ်တဲ့။
တရုတ်ရှေးဟောင်းစာပေတွေမှာ ဂေါ်လီကို
Burmese Bells လို့သုံးထားတော့ ဒါဟာ
တော်တော်ဖြစ်နိုင်ခြေရှိပါတယ်။
ဒါကြောင့် ဂေါ်လီအစဟာ မြန်မာကလို့
ဂုဏ်ယူချင် ယူလို့ရပါတယ်။
နိဂုံးချုပ်ရရင်တော့
ဂေါ်လီထည့်သင့် မထည့်သင့်လာတိုင်ပင်ရင်
မထည့်ဖို့ ကျွန်တော်တားပါမယ်။
ဆေးပညာသဘောအရ
လူ့ခန္ဓာကိုယ်ထဲကို ပြင်ပပစ္စည်းတစ်ခုခု
ရောက်ရှိနေတာဟာ ကင်ဆာအပါအဝင်
ဘေးထွက်ဆိုးကျိုး များလှပါတယ်။
ဂေါ်လီကြောင့် စော်ကြည် မကြည်တော့
မသိပါ။
ရောဂါရဖို့တော့ ရာခိုင်နှုန်းများတယ်။
စော်ကြည်ချင်ရင်တော့
ငွေရှိအောင်သာ လုပ်ပါဗျာ..
ရေလျှံရင် ကိုယ့်လူက
ဘားကျွတ်လေးဖြစ်နေပါစေအုံး
ခင်ဗျားနားမှာ အရွယ်စုံ ၊ ဆိုဒ်ဆုံတွေ ဝိုင်းအုံနေမှာ
ကျိန်းသေပါကြောင်း ။
မူရင်းရေးသားသူ ကိုစိုးထိုက်(ဖဒို)၏ Facebook Page မှပြန်လည်ကူးယူဖော်ပြပါသည်။