တောင်ငူအနီးတဝိုက် တိုက်ပွဲဖြစ်သောကြောင့် အမြန်လမ်း ၁၁၅ မိုင်မှစပြီး ကားဖြတ်သန်းခွင့် ယာယီပိတ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တောင်ငူအနီးတဝိုက် တိုက်ပွဲဖြစ်သောကြောင့် အမြန်လမ်း ၁၁၅ မိုင်မှစပြီး ကားဖြတ်သန်းခွင့် ယာယီပိတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
နေပြည်တော်အမြန်လမ်း ၁၁၅ မိုင်မှ စတင်ပြီး အတက်ရော၊ အဆင်းပါ ယနေ့ည ၈ နာရီခန့်က ပိတ်ထားခဲ့ကြောင်း သိရသည်။
တောင်ငူမြို့ အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွါးခြင်းကြောင့်ဟု ကြားသိရပြီး ယနေ့ (မေ ၂၀ ရက်) ည ၈ နာရီ ၁၅ မိနစ်မှစတင်ကာ အမြန်လမ်းကို ပိတ်ထားခြင်း ဖြစ်ကြောင်း ၁၁၅ မိုင်တွင် ပိတ်မိနေသည့် ခရီးသည်တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “လမ်းပိတ်တာက ည ၈ နာရီ ၁၅ မိနစ်လောက်က ပိတ်တာ။ တောင်ငူနားတိုက်ပွဲဖြစ်တယ် သတင်းရလို့ အမြန်လမ်း အတက်ရော၊ အဆင်းရော ပိတ်ထားတာ။ ၁၁၅ မိုင် အဝင်နား တိုးဂိတ်တွေ အကုန်ပိတ်။ တောင်ငူ-မိထ္ထီလာ အကုန်ဂိတ်ပိတ်။ ကားတွေအကုန် မီးအမှောင်ချထားရတယ်” ဟု ဆိုသည်။
ဧရာဝတီက ဆက်သွယ်သည့်အချိန် ည ၉ နာရီခွဲခန့်အထိ လမ်းများပိတ်ထားဆဲဖြစ်ပြီး အမြန်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားကြောင်း သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၅၈ အနီးတဝိုက် ပစ်ခတ်မှုဖြစ်ပွါးနေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဧရာဝတီက သီးခြားအတည်ပြုချက်မရသေးပါ။
သတင်းဓာတ်ပုံ – CJ ဧရာဝတီ
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။