သွေးမအေးသောပြည်သူများ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသဖြင့် ရန်ကုန်အင်းစိန်လမ်းမအား စစ်ကောင်စီမှပိတ်ဆို့ထားပြီး ဖမ်းဆီးစစ်ဆေးနေ

Local News

သွေးမအေးသောပြည်သူများ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသဖြင့် ရန်ကုန်အင်းစိန်လမ်းမအား စစ်ကောင်စီမှပိတ်ဆို့ထားပြီး ဖမ်းဆီးစစ်ဆေးနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သွေးမအေးသောပြည်သူများ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသဖြင့် ရန်ကုန်အင်းစိန်လမ်းမအား စစ်ကောင်စီမှပိတ်ဆို့ထားပြီး ဖမ်းဆီးစစ်ဆေးနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ယမန်နေ့ မေ ၁၈ ရက်​၊ ရန်ကုန်မြို့ လှိုင်မြို့နယ်တစ်နေရာတွင် ‘ ပိုင်ဖို့မလွယ်တဲ့ လှိုင်မြို့နယ် ‘ ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်ကြသည်။

လူထုသပိတ်တိုက်ပွဲဝင် သပိတ်ရဲဘော်များ၊CDM သူရဲကောင်းများ၊တောတောင်ထဲမှ PDFသူရဲကောင်းများ၊ထောင်တွင်းမှ ကျောင်းသားပြည်သူများ၊အနီများ၊အစိမ်းများအားလုံးသည် မည်သည့်အရောင်ကာလာကွဲပြားပါစေ ပြည်သူလူထုသာဖြစ်ကြောင်း နှင့် ပြည်သူလူထု၏ အစိုးရသည် အမျိုးသားညီညွှတ်ရေးအစိုးရ၊တော်လှန်ရေးအစိုးရ NUG ဖြစ်ကြောင်း ‘ Accept NUG , Reject military ‘ စာသားများကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးအကြမ်းမဖက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါသပိတ်ကို ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှဦးဆောင်ကာ ပြည်သူလူထုနှင့်အတူ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike)၊ အလုံလူငယ်တပ်ဦး (AYF) ၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)၊ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု (AJAY) တို့မှအားဖြည့်ဝန်းရံခဲ့ကြပြီး အကြမ်းဖက် ဖက်ဆစ်သူပုန်တပ်များ၏ စစ်ဆေးမှုအဖမ်းအဆီးအကျပ်အတည်းများကြားမှ အောင်မြင်စွာ ဖောက်ထွက်ကာ လူထုသပိတ်တိုက်ပွဲကိုဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။

“ရန်ကုန်အင်းစိန်လမ်းမကြီးကို ဆန္ဒပြလို့ဆိုပြီး အုတ်ကျင်း(လှည်းတန်းဘက်သွားတာ) ကနေ စပြီး ပိတ်ထားပါတယ် ဒီဘက်ကားလမ်းက သုခမှတ်တိုင် (သမိုင်းဘက်သွားတာ) ကနေ စပြီးပိတ်ထားတာမလို့ ဒီဘက်လာမယ်ဆို ကားတွေတန်းစီပိတ်ထားပါတယ်နော် တခြားကသွားပေးကြပါ နာရီဝက် မက တော့ပါဘူးနော်” ဟု ပြည်သူတစ်ဦးမှလည်း သတင်းပေးပို့ခဲ့ပါသည်။

သတင်းဓာတ်ပုံ – AAMIJ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...