PDF ထောင်ထားသောမိုင်းကို ဝမ်းသာအားရ ကားပေါ်ဖြုတ်သယ်သွားပြီးမှ ထကွဲ
ရဲနှင့်ပျူ မုန့်ဟင်းခါး ၁၃ပွဲဖြစ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ PDF ထောင်ထားသောမိုင်းကို ဝမ်းသာအားရ ကားပေါ်ဖြုတ်သယ်သွားပြီးမှ ထကွဲ
ရဲနှင့်ပျူ မုန့်ဟင်းခါး ၁၃ပွဲဖြစ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
PDFများထောင်ထားသော မိုင်းကိုကားပေါ်သို့ဖြုတ်၍သယ်ဆောင်သွားသည့် ရဲနှင့်ပျူစောထီးအဖွဲ့ဝင်များမိုင်းထိပြီးအားလုံး thayဆုံးသွားကြောင်း မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( MC – KC DF )ကယနေ့ (မေ ၂၄ ရက်)တွင် ထုတ်ပြန်သည်။
ကံကြီးစုရွာထိပ်တွင်ဓါးပြတိုက်နေသောရဲနှင့်ပျူစောထီးများကို ပြည်သူများ ၏သတင်းပေးချက်အရ မြစ်ခြေ-ကျွန်းချောင်း လမ်းပိုင်းတစ်နေရာတွင် မေ ၂၂ ရက် နေ့လည် ၁ နာရီ ခန့်တွင်ရဲနှင့်ပျူ ၁၃ ဦးပါသောလိုက်ထ ရပ်ကားအားမိုင်းခွဲတိုက်ခိုက်ရာအကြမ်းဖက် ကနဦး ၅ ဦးthayဆုံးပြီး အများအပြားထိခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။
“မိဘပြည်သူများခင်ဗျာ ကားပေါ်သို့ မိုင်းဖြုတ်ယူဆောင်သွားသော — (၁၃) ကောင် အားလုံး Tay ဆုံးသွားပါကြောင်း မိဘပြည်သူများထံ သတင်းကောင်းပါးလိုက်ပါသည်”ဟု MC – KC DF က ထပ်မံရရှိသောသတင်းကိုအသိပေးသည်။
“ငါးဂါလံ ပုံးအဝါတစ်လုံးနဲ့ ဆင်ထားတဲ့ မိုင်းတစ်လုံးဗျ။သယ်သွားပြီး မကြာဘူး ပေါက်တာပဲ”ဟု MC – KC DF က People’s Springသို့ ပြောသည်။
စစ်ကောင်စီလက်အောက်ခံ ရဲနှင့်ပျူ များသေဆုံးမှုကို People’s Spring အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
အဆိုပါ တိုက်ခိုက်မှုသည် ရဲဘော် ရှောင်လင်၏ မွေးနေ့အား ဂုဏ်ပြုသောအားဖြင့် တိုက်ခိုက်ခြင်းဟု MC – KC DF က ပြောသည်။
ထို့အပြင် မေ ၂၂ ရက် ညနေပိုင်းက တန့်ကြည့်တောင်အနောက်ဘက်တွင် စစ်ကောင်စီတပ်နှင့်ပျု စောထီးများမောင်းနှင်လာသော ကားနှစ်စီးကို MC – KC DF နှင့် ဆိပ်ဖြူမြောက်ပိုင်းပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ပူးပေါင်ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး thayဆုံးခဲ့သည်ဟု သိရသည်။
ထိုတိုက်ခိုက်မှု နှစ်ခုတွင် PDFများ မိခင်တပ်ရင်းများသို့ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
(မိုင်းဖြုတ်သယ်သွားပြီးပေါက်ကွဲခဲ့သောကား၊ ဓါတ်ပုံ-MC-KC DF)
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။