မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah နှင့် NUG နိုင်ငံ ခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ယနေ့ အမေရိကန်ပြည်ထောင်စုတွင် အလွတ် သ ဘော တွေ့ဆုံ ကြကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက လူမှုကွန်ရက်မှတ ဆင့် သတင်းထုတ်ပြန်သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မြန်မာပြည်သူများ ၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ထောက်ခံကြောင်း ၊ ဒီမိုကရေစီ လမ်း ကြောင်းပေါ် ပြန်သွားရေး မလေးရှားက ဆက်လက်ထောက်ခံရပ်တည်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
နိုင်ငံခြားရေးဝန်ကြီး ၂ ဦး တွေ့ဆုံပွဲတွင် လက်ရှိ အခြေအနေများ၊ တိုးတက်မှုများ အပေါ် အမြင်ချင်းဖလှယ်ကြပြီး NUG နိုင်ငံခြားရေးဝန်ကြီး က လက်ရှိ NUG ကြုံတွေ့ရသည့် စိန်ခေါ်မှုများ အမြင်များကို ဖလှယ်ခဲ့ကြောင်း၊ မြန်မာ ဒုက္ခ သည်များအတွက် လူသားထောက်ထားမှု အကူအညီများ၊ နည်းပညာဆိုင်ရာသင်တန်းများ၊ ပညာရေး အကူအညီများနှင့်ပတ်သက်၍လည်း ဆွေးနွေးကြ ကြောင်း သိရှိရသည်။
မင်းအောင်လှိုင် တစ်ယောက်တော့ သေွးပျက်နေလောက်မှာ အသေအချာပါပဲ။ အရေးတော်ပုံအောင်ရမည်။
ရေးသားသူ – ခေတ်သစ်မီဒီယာ
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။