ပွင့်ဖြူတွင် PDF များ လိုက်ပါသော ဖောကားတို-က်ခိုက်ခံရပြီး ၁၂ ဦးကျ-ဆုံးကာ ဒဏ်ရာများဖြင့် ၃ ဦး ဖမ်းဆီးခံရ

Local News

ပွင့်ဖြူတွင် PDF များ လိုက်ပါသော ဖောကားတို-က်ခိုက်ခံရပြီး ၁၂ ဦးကျ-ဆုံးကာ ဒဏ်ရာများဖြင့် ၃ ဦး ဖမ်းဆီးခံရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပွင့်ဖြူတွင် PDF များ လိုက်ပါသော ဖောကားတို-က်ခိုက်ခံရပြီး ၁၂ ဦးကျ-ဆုံးကာ ဒဏ်ရာများဖြင့် ၃ ဦး ဖမ်းဆီးခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်း မဲဇလီတံတားတွင် PDF များလိုက်ပါသော ဖောကား တစ်စီး တို-က်ခိုက်ခံရပြီး PDF ၁၂ ဦးကျ-ဆုံးကာ ဒဏ်ရာများဖြင့် ၃ ဦး ဖမ်းဆီးခံရကြောင်း ရဲသတင်း ရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့ ၂၂ ဇွန် ၂၀၂၂ နံနက် PDF များ လိုက်ပါသော ဖောကားကို စစ်တပ်မှ ဗိုလ်မှူး မင်းပိုင်စိုးအဖွဲ့က စစ်ဆေးစဉ် ပစ်ခတ်မှုဖြစ်ပြီး အပြန်အလှန် ပစ်ခတ်ကြကြောင်း၊ ယာဉ်မှာ ပေါက်ကွဲပျက်စီးသွားပြီး ကားပေါ်ပါ PDF ၁၂ ဦးကျဆုံးကြောင်း၊ ၃ ဦး အရှင်ဖမ်းမိသော်လည်း ၂ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရ သည့်ဒဏ်ရာများရရှိကာ အခြေအနေစိုးရိမ်ရကြောင်း၊ ပွင့်ဖြူမြို့နယ်ရဲမှူး ဝင်းဦးအဖွဲ့က လာရောက်စစ်ဆေးကြောင်း သိရှိရသည်။

ဖောကားပေါ်တွင် လ-က်နက် ၂၅ လက်ပါရှိပြီး ၁၉ လက်ပျက်စီးသွားပြီး ၆ လက်မှာ အကောင်းတိုင်း ကျန်ရှိကြောင်း၊ ၄၀ မမ ဗုံးသီးလောင်ချာမှာ ပျက်စီးပြီး စစ်တပ်နှင့်ရဲက အလောင်းများနှင့် လ-က်နက်များကို သိမ်းဆည်းကြောင်း၊ ယင်းမဲဇလီတံတားတွင် လုံခြုံရေးများ တင်းတင်း ကျပ်ကျပ် ချထားကြောင်း သိရှိရသည်။

ပွင့်ဖြူရဲစခန်းမှ သတင်းပို့အစီရင်ခံထားသည်မှာ အောက်ပါအတိုင်းဖြစ်သည်။

၂၀၂၂ ဇွန် ၂၀၆၀၀ အချိန် ၊ မနရ(ပွင့်ဖြူ) ၊ ရကဇာ(မဲဇလီ)အပိုင် ကြိုးတံတားအနီး (ဆည်တော်ကျေးရွာဘက်အခြမ်း)တွင် ထိတွေ့မှုဖြစ်ပွါးကြောင်း သတင်းအရ (ပွင့်ဖြူ) ရဲမှူး မင်းဦး – ပါ(၁+၅)ဦးသည် ၀၆၀၅ အချိန်ထွက်ခွာခဲ့ရာ ၀၆၅၅ အချိန် အခင်းဖြစ်နေရာသို့ ရောက်ရှိ ၀စ်ဆေး ခဲ့ရာ ရကစ(မဲဇလီ)တောင်ဘက် (၇)ဖာလုံခန့်အကွာ၊ ခန့်မှန်း -FT – 557470 မဲဇလီ ကြိုးတံတား အနီး (ဆည်တော်ကျေးရွာဘက်အခြမ်း)တွင် စလင်း-ကံဘက်မှ ပုသိမ်မုံရွာကားလမ်းအတိုင်း (၆)ဘီးအနီရောင် ဖေါကားအား ဝ၈ရတပ်မှ မှူး မင်းပိုင်စိုး ဦးစီးအဖွဲ့မှ မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ

ဖောကားပေါ်တွင် ခန့်မှန်းအင်သား (၂၀)ဦးခန့်တွေ့ရှိရပြီး ယာဉ်ပေါ်မှစတင်ပစ်ခတ်၍ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အဆိုပါယာဉ်မှာ ပေါက်ကွဲပျက် စီးသွားခဲ့။ ယာဉ်ပေါ်ပါ အကြမ်းဖက်အုပ်စု PDF ကျား(၁၂)ဦး thay ဆုံးခဲ့ပြီး၊ ကျား(၃)
ဦးသား အရှင်ဖမ်းဆီး ရမိ( ၂ ဦးစိုးရိမ်ရ)၊ KA-25 အမျိုးအစားဟုယူဆရသော လ-က်နက်(၂၅)လက်( ၁၉ လက် ပျက်စီး၊ ၆လက်ကောင်း)၊ ၄၀ မမဗုံးပစ်လောင်ချာ(၁)လက်(ပျက်စီး)၊ သိမ်းဆည်းရမိခဲ့။ နောက်ဆက်တွဲသတင်းများအား ဆက်လက်ပေးပို့တင်ပြသွားမည်ဖြစ်။ လျှို့ဝှက်နည်းဖြင့်ပို့

ရေးသားသူ – ခေတ်သစ်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။