ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ကနေ ဘာလို့ ထောင်အစစ်ကို ပြောင်းလိုက်တာလဲ

Knowledge Local News

ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ကနေ ဘာလို့ ထောင်အစစ်ကို ပြောင်းလိုက်တာလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ကနေ ဘာလို့ ထောင်အစစ်ကို ပြောင်းလိုက်တာလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမေစုကို ဘာ့ကြောင့် ထောင်ကိုပြောင်းလိုက်သလဲ … ?

လျှို့ဝှက်နေရာတစ်ခုမှာ ဖမ်းစီး ပြန်ပေးဆွဲခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ထောင်ကို ရောက်သွားတယ်လို့ ဥပဒေအရာရှိတစ်ဦးက အတည်ပြု ပြောကြားလိုက်ပါတယ် ။ ဗုဒ္ဓဟူးနေ့က လွှဲပြောင်းခဲ့တာပါ ။ ဒေါ်အောင်ဆန်းစုကြည်ကို မတရားစွဲဆိုထားတဲ့ အမှု့ကို ထောင်ဝင်းအတွင်းက သီးသန့်အဆောက်အဦးတစ်ခုမှာ ဆက်လက် စစ်ဆေးသွားမှာပါ ။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်မျိုးစုံနဲ့ တရားစွဲနေတာဟာ စစ်တပ်က အဏာသိမ်းလိုက်တာကို တရားဝင်ဖြစ်အောင် ကြိုးပမ်းမှု့ဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြားထားပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက အကြီးတန်း တာဝန်ယူထားရတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဖမ်းစီးခံထားရပါတယ် ။ တချို့ အကြီးတန်း ပါတီဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်ထားတဲ့ အမှု့တွေမှာ တရားခံတွေအဖြစ်နဲ့ စွဲချက်တင်ခံရပါတယ် ။ တချို့ အကြီးတန်းပါတီဝင်တွေကိုတော့ တရားလိုအဖြစ်နဲ့ ပြည်သူတွေအမြင်လွဲအောင် စစ်တပ်က ဖန်တီးထားပါတယ် ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆန့်ကျင်သူ တစ်သောင်းကျော်ကို မြန်မာစစ်တပ်က ဖမ်းဆီးထားတာပါ ။

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က အသက် ၇၇ နှစ် ပြည့်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နဝတခေတ်မှာတုန်းက သူမရဲ့ နေအိမ်မှာ အကျယ်ချုပ်အဖြစ်နဲ့ ဖမ်းဆီးခံရတာပါ ။ ၂၀၂၁ ဖော်ဖော်ဝါရီ ၁ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေအရ ဖမ်းဆီးခံရသလိုမဟုတ်ပဲ နေရာအတိအကျမသိရတဲ့ အလုံပိတ်နေရာတစ်ခုမှာ ထိမ်းသိမ်းခံထားရတဲ့အတွက် ပြန်ပေးဆွဲခံထားရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောခဲ့ပါတယ် ။

နေပြည်တော်ထောင်ဝင်းအတွင်းမှာ အဆောက်အဦးတစ်ခုကို အပူတပြင်းဆောက်လုပ်ခဲ့ပြီး နောက်မှာတော့ ၊ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားရင်ဆိုင်ခိုင်းမယ်လို့ မြန်မာစစ်တပ်က အသိပေးလိုက်ပါတယ် ။ မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အတိအကျမသိရတဲ့နေရာမှာ ဆက်လက်ချုပ်နှောင်ထားလိုပေမဲ့ နေပြည်တော်ထောင်ဝင်းအတွင်းမှာ အဆောက်အဦးအသစ်တစ်ခုကို ဆောက်လုပ်ပြီး ပြောင်းရွှေ့လိုက်တာပါ ။ သြစတေးလျနိုင်ငံသား စီးပွားရေးပညာရှင် အကြံပေးတစ်ဦးဖြစ်သူ Sean Turnell ကိုလည်း ဒီထောင်အတွင်းမှာ ချုပ်နှောင်ထားပါတယ် ။

သုံးသပ်ကြည့်ရရင်တော့ …၊ အမေစုကို နေရာအတိအကျ မသိရတဲ့ နေရာကနေ ထောင်ကိုပို့လိုက်တာပါ ။ အခုတော့ ပြည်သူတွေအနေနဲ့ အမေစု ဘယ်မှာရှိနေတယ်ဆိုတာ သိရပါပြီ ။ မြန်မာစစ်တပ်က ဒီလိုနေရာပြောင်းလိုက်တာဟာ နိုင်ငံတကာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ” ဥပဒေမဲ့ ပြန်ပေးဆွဲခံထားရတယ် ” ဆိုတဲ့ စကားကို လန့်လာပုံပါဘဲ ။ နောက်ပြီး ကုလကိုယ်စားလှယ်နဲ့ အာဆီယံကိုယ်စားလှယ်တွေရဲ့ မြန်မာပြည်ခရီးမှာ အမေစုနဲ့ပေးတွေ့ဖို့ကို မြန်မာစစ်တပ်က အတန်တန် ငြင်းခဲ့ပေမဲ့ လွန်ခဲ့တဲ့တစ်ပတ်က လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ သတိပေးမှု့တွေကို မသိသလိုနေဖို့ မဖြစ်တော့ပါဘူး ။

ဒီတော့ ၊ မြန်မာစစ်တပ်ဟာ အမေစုကို နိုင်ငံတကာ ကိုယ်စားလှယ်တစ်ဦးနဲ့ ပေးတွေ့ဖို့ လူမြင်ကောင်းအောင် စီစဉ်နေပြီလို့ပဲ သုံးသပ်ချင်ပါတယ် ။

သတိပေးချင်တာက စစ်ပွဲနဲ့ တိုက်ပွဲ မတူပါဘူး ။ စစ်ပွဲမှာအဆုံးသတ်ရှိပြီး ၊ တိုက်ပွဲမှာတော့ အနိုင်နဲ့အရှုံး ရှိပါတယ် ။ တိုက်ပွဲတစ်ပွဲမှာ အင်အားမျှလို့ မာန်လျှော့လိုက်ရတာဟာ စစ်ပွဲရှုံးတာမဟုတ်ပါဘူး ။ ရန်သူရဲ့ လက်နက်အခြေအနေ ၊ အင်အား ၊ နေရာအသာစီးရမှု့အရ တိုက်ပွဲတစ်ပွဲမှာ ပေးဆပ်ရတာရှိသလို စခန်းကို လက်လွှတ်လိုက်ရတာလည်း ရှိပါတယ် ။ မြန်မာစစ်တပ်ရဲ့ အင်အားက သူတို့အပြောအရ ၃ သိန်းပါ ။ PDF အင်အားကတော့ တော်လှန်ရေးပြည်သူတွေအားလုံးပါ ။ မျိုးဆက်ပြတ်နေတဲ့ မြန်မာစစ်တပ်ဟာ ဘယ်လောက်အချိန်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာကိုပဲ ကြည့်ရမှာပါ ။

ဥပမာပေးရရင် မြန်မာစစ်တပ်ဟာ သားကြောဖြတ်ခံထားရတဲ့ ဝက်သိုးတစ်ကောင်ဖြစ်ပြီး ၊ PDF ကတော့ မျိုးဆက်ပွားနိုင်တဲ့ ဝက်ပေါက်ကလေးတစ်ကောင်ပါ ။ တိုက်ပွဲ အနိုင်အရှုံးဟာ စစ်ပွဲ အနိုင်အရှုံး မဟုတ်ပါဘူး ။ တိုက်ပွဲတွေ အများကြီး တွေ့ရဦးမှာပါ ။ လေယာဉ်ပစ်တွေလည်း ရောက်လာပြီလို့ သတင်းရပါတယ် ။ ပြည်သူအားလုံး အဆင်သင့်ဖြစ်နေဖို့ပါဘဲ ။

ရေးသားသူ – ဘကြီးအောင် LA

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။