တမူးမြို့နယ် Mytel တာဝါတိုင်အောက်ခြေရှိ ဆက်သွယ်ရေးပစ္စည်းများကို ပြည်သူ့ကာကွယ်တပ်ဖွဲ့မှဖျက်ဆီး

Local News

တမူးမြို့နယ် Mytel တာဝါတိုင်အောက်ခြေရှိ ဆက်သွယ်ရေးပစ္စည်းများကို ပြည်သူ့ကာကွယ်တပ်ဖွဲ့မှဖျက်ဆီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တမူးမြို့နယ် Mytel တာဝါတိုင်အောက်ခြေရှိ ဆက်သွယ်ရေးပစ္စည်းများကို ပြည်သူ့ကာကွယ်တပ်ဖွဲ့မှဖျက်ဆီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာရှိ Mytel တာဝါတိုင် ဆက်သွယ်ရေး ပစ္စည်းများအား ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (တမူး)ထံက သိရသည်။

ဇွန်လ ၂၄ ရက် က Mytel တာဝါတိုင် အောက် ခြေရှိ ဆက်သွယ်ရေးပစ္စည်းများအား ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ဆက်သွယ်မှုပြတ်တောက်အောင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

မဇ္ဈိမက လက်ခံရရှိသော ရုပ်သံဖိုင်ထဲတွင် “ ဟိုတံဆိပ်ကဘာလဲ မိုင်တဲလ်လေ My ကျွန်ုပ်၏ tel – မိုင်တဲ ကျွန်ုပ်၏ တဲ “ ဟု ကာကွယ်ရေးတပ်သားတစ်ဦးက သရော်၍ ပြောဆိုသည်။

၎င်းတို့အနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်ေသာအကျိုးစီးပွားမှန်သမျှအား တိုက်ဖျက်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သော လုပ်ငန်းများနှင့် ကင်းကင်းနေကြရန် သတိပေးလိုကြောင်း သိရသည်။

ဇွန်လိုင်လ ၂၃ရက် ညနေ ၄နာရီဝန်းကျင်က ရန်လင်းဖိုင်နှင့် ခွန်မွန်နွန်ရွာအကြားတွင် ရန်လင်းဖိုင်ရွာမှ ပေါင်တင်ထန်(Paotinthang) ၊ ဟောင်လင်မာန်(Haolenmang) နှင့် ခွန်မွန်နွန်ရွာသား ဆေးခိုထန်(Seikhothang)တို့အား စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ဇွန်လ ၂၄ရက်တွင် ၎င်းတို့၏ ဦးခေါင်းတွင် thay နတ်ဒဏ်ရာအပြင် အခြား နှိ-ပ်စက်ထားသည့် ဒဏ်ရာများနှင့် thay ဆုံးလျက် တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဇွန်လ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ကလည်း ကလေး-တမူး လမ်းပေါ် နန်းမွန်းတာရွာအနီးတွင် ကုန်ကားတစ်စီးအား စစ်ဆေးရာ မြန်မာဘီယာ ဖာ ၁၀၀ ခန့် တွေ့ရှိသဖြင့် ဖျက်ဆီးခဲ့ပြီး နောက်နောင် သယ်ဆောင်ခြင်းမပြုရန်သတိပေးခဲ့ကြောင်း Tamu PDF တပ်ရင်း(၃)ထံက သိရရှိရသည်။

ရေးသားသူ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူး) ၊ မဇ္ဈိမ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။