ကမ္ဘာအညစ်ပတ်ဆုံး ပုဂ္ဂိုလ်ကြီး အသက် ၉၄ နှစ်မှာ ကွယ်လွန်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ကမ္ဘာအညစ်ပတ်ဆုံး ပုဂ္ဂိုလ်ကြီး အသက် ၉၄ နှစ်မှာ ကွယ်လွန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ကမ္ဘာအညစ်ပတ်ဆုံး ပုဂ္ဂိုလ်ကြီး အာမူဟာဂျီ အသက် ၉၄နှစ် အရွယ်မှာ
ကွယ်လွန်သွားပါတယ်။ ဆပ်ပြာနဲ့ရေသုံးရင် နေမကောင်းဖြစ်တယ်ဆိုပြီး စိုးရိမ်နေတဲ့ အီရန်နိုင်ငံ ဖားစ်ပြည်နယ်တောင်ပိုင်းက အမျိုးသားကြီးဟာ နှစ်ငါးဆယ်ကျော် သန့်ရှင်းရေးမလုပ်ဘဲ နေထိုင်ခဲ့တာပါ။
နောက်ဆုံးတော့ လွန်ခဲ့တဲ့လပိုင်းတုန်းက ရွာသားတွေက ဖမ်းချုပ်ပြီး သူ့ကို ပထမဆုံးအကြိမ် သန့်ရှင်းရေး လုပ်ပေးခဲ့ပြီးနောက် သူနေထိုင်မကောင်းဖြစ်ကာ သေဆုံးသွားတာလို့ IRNA အီရန်သတင်းအေဂျင်စီက ရေးသားထားပါတယ်။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။