စစ်ကောင်စီလက်အောက်ခံ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ တိုင်းရင်းသားဖွံ့ဖြိုးရေး တက္ကသိုလ်တို့တွင် အခြေခံ စစ်ပညာ အဓိကသင်တန်းပေး၊ နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်အားလုံးတွင် စစ်ပညာမသင်မနေရ သင်ကြားမည်ဟုဆို
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ တိုင်းရင်းသားဖွံ့ဖြိုးရေး တက္ကသိုလ်တို့တွင် အခြေခံ စစ်ပညာ အဓိကသင်တန်းပေး၊ နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်အားလုံးတွင် စစ်ပညာမသင်မနေရ သင်ကြားမည်ဟုဆို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ရန်ကုန်၊ အောက်တိုဘာ ၅
စစ်ကောင်စီလက်အောက်ခံ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်တို့တွင် အခြေခံ စစ်ပညာအဓိကသင်တန်းပေးနေကြောင်း ဝန်ထမ်းများနှင့် ကျောင်းသားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
စစ်တပ်တိုက်ရိုက် အုပ်ချုပ်ထားသည့် တက္ကသိုလ်များတွင် အကြမ်းဖက်စစ်ကောင်စီက ယခုနောက် ပိုင်းတွင် စစ်ပညာသင်ကြားရေးကို အဓိက ဦးစားပေးလာပြီး ဝန်ထမ်းများနှင့် ကျောင်းသားများ မဖြစ်မနေ စစ်ပညာတတ်ရမည်ဟု ပြောဆိုလာကြောင်း၊ စစ်သင်တန်းများကို မည်သူမဆို ရွေးချယ်ခွင့်မရှိဘဲ တက်ရောက်ရကြောင်း၊ စစ်သင်တန်းများနှင့်အတူ စစ်တပ် အာဏာထိန်းခြင်းဖြစ်ပြီး အာဏာသိမ်းခြင်းမဟုတ်ဆိုသော ဝါဒဖြန့်မှုများကိုလည်း ဆက်တိုက် လုပ် ဆောင်နေကြောင်း သိရှိရသည်။
“နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် အောက်မြန်မာပြည် ဖောင်ကြီးနဲ့ အထက်မြန်မာပြည် ဇီးပင်ကြီးမှာ ဝန် ထမ်းတွေကို သင်တန်းများအလျင်အမြန်ခေါ်ယူပြီး ဝန်ထမ်းတွေကို စစ်ပညာအဓိကထားသင်ပေးနေပါတယ်။ အထူးသဖြင့်ထွေအုပ်ထမ်းတွေကို စာရေးကနေ မှ လက်ထောက်ညွှန်မှူးရာထူးစုံဖြင့် ရောပြီး စစ်ပညာသင်ပေးနေပါတယ်။ သင်တန်းတွေမှာ ဆရာဆရာမတွေက စစ်ကောင် စီကောင်းကြောင်းတွေပြောပြီး PRစနစ်အကြောင်းမိတ်ဆက်ပြောတယ်။ ကျောင်း သားတွေကကန့်ကွက်လို့ ဆက်မဆွေးနွေးတော့ဘူး။
နိုင်ငံရေးသိပ္ပံဘာသာရပ်မှာလည်း NLD ပြည်သူ့အစိုးရကိုချန်လှပ်ပြီး ဉီးသိန်းစိန်ခေတ်ကဟာတွေကို ချီးခြောက်ရေနူး စမြုပ်ပျံအောင်ပြောနေပါတယ်။ သင်တန်းဖွင့်ပွဲမိန့်ခွန်းတွေမှာလည်း စစ်တပ်ကအာဏာထိန်းတာဖြစ်ကြောင်း မဲမသမာလို့အာ ဏာ သိမ်းရကြောင်း ပြည်ထောင်စုရာထူးဝန်ဥက္ကဋ္ဌက တသွင်သွင်ပြောနေပါတယ်။ အထူးသဖြင့်ထွေအုပ်ဝန်ထမ်းတွေကို ငယ်ရေးမှ လက်ထောက်ညွှန်မှူးရာထူးစုံဖြင့် ရောပြီး စစ်ပညာသင်ပေးနေပါတယ်” ဟု နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် တက်ရောက်နေသည့် ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် စစ်ရေးပြနှင့်စစ်သင်တန်း တက်ရောက်မှု သည် ရာထူးတိုးရေးအတွက် အဓိက ကျကြောင်း သိရှိရသည်။
အလားတူ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ် (စစ်ကိုင်း)တွင်လည်း စက်တင် ဘာလအတွင်း အခြေခံပညာစစ်သင်တန်းဟု အမည်တပ်ကာ ကျောင်းသားကျောင်းသူများကို စစ်ပညာ မတက်မနေရ တက်ခိုင်းခဲ့ကြောင်း၊ အခြားသော ပြည်နယ်/တိုင်းဒေသများရှိ တက္ကသိုလ်များတွင်လည်း အခြေခံစစ်ပညာသင်တန်းများ မတက်မနေရ ဖွင့်လှစ်သင်ကြားရန် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း သိရှိရသည်။
“တက္ကသိုလ် တွေမှာ စစ်တပ်ဘက်က အခြေခံစစ်ပညာသင်ပေးဖို့လုပ်နေတာအန္တရာယ်များပါတယ်။ ကလေးတွေကိုဇွတ်ရှေ့တန်းပို့တာ ကင်းစောင့်ခိုင်းတာတွေလုပ်လာရင် ခက်မယ်။
မိဘတွေလဲသိသင့်တယ် ပြည်သူတွေလဲသိသင့်တယ်။ ဒီအခြေအနေက စစ်တပ်မှာလူအင်အားအရမ်းနည်းနေပြီး လူသစ်မဝင်လို့ UTC အကြောင်းပြပြီး လုပ်နေတာ။စစ်ခွေးတွေမလုပ်ရဲတာဘာမှမရှိဘူး။ ကျောင်းသားတွေကို အသုံးချမှာစိုးရိမ်တယ်” ဟု ကျောင်းသားမိဘတစ်ဦးက သုံးသပ်ပြောဆိုသည်။ တက္ကသိုလ်၊ ကောလိပ်များတွင် စစ်ပညာသင်ကြားပေးခြင်း သင်တန်းများနှင့်အတူ စစ်ကောင်စီက ဥပဒေအရ အာဏာရယူကြောင်း၊ NLD ပါတီ မဲမသမာမှုကြောင့် ယခုအခြေအနေ ဆိုက်ရောက်ကြောင်း စသည်ဖြင့် ဝါဒဖြန့်မှုများကို တစ်နိုင်ငံလုံး ကျောင်းသားကျောင်းသူများကို တစ်ပြိုင်နက်တည်း ဟောပြောခိုင်းထားကြောင်း သိရှိရသည်။
ရေးသားသူ – ခေတ်သစ်မီဒီယာ
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။