တီဘီရောဂါ ဖြစ်ပွားမှုနှစ်ပေါင်းများစွာ ကျဆင်းခဲ့ပြီးနောက် ပြန်လည်မြင့်တက်လာဟု WHO ပြော
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တီဘီရောဂါ ဖြစ်ပွားမှုနှစ်ပေါင်းများစွာ ကျဆင်းခဲ့ပြီးနောက် ပြန်လည်မြင့်တက်လာဟု WHO ပြော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ဂျီနီဗာ၊ အောက်တိုဘာ ၂၈
တီဘီရောဂါ ဖြစ်ပွားမှုသည် ပြီးခဲ့သည့်နှစ်က ကိုဗစ် -၁၉ ကပ်ရောဂါကြောင့် နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တိုးလာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အောက်တိုဘာ ၂၇ ရက် ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
တီဘီရောဂါ ဖြစ်ပွားမှုသည် နှစ်ပေါင်းများစွာ ကျဆင်းခဲ့ပြီးနောက် တဖန် ပြန်လည်မြင့်တက်လာကာ ၂၀၂၁ ခုနှစ်တွင် ခန့်မှန်းခြေ လူ ၁ ဒသမ ၆ သန်း ကို thay ဆုံးစေခဲ့ပြီး နှစ်နှစ်အတွင်း ၁၄ ရာခိုင်နှုန်း တိုးလာခဲ့သည်။
တီဘီရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ခန့်မှန်းခြေ ၁ ဒသမ ၅ သန်းနှင့် ၂၀၁၉ ခုနှစ်တွင် ၁ ဒသမ ၄ သန်း အသက်ဆုံးရှုံးခဲ့သည်။
ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီ၏ ကမ္ဘာလုံးဆိုင်ရာ တီဘီအစီအစဉ် ဒါရိုက်တာ Tereza Kasaeva က ယခုအချိန်သည် တီဘီ ရောဂါတိုက်ဖျက်ရန်အတွက် အရေးကြီးသော အခိုက်အတန့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဆယ်စုနှစ် နှစ်စုနီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် WHOဟာ တီဘီရောဂါနဲ့ ဆက်စပ်တဲ့ thay ဆုံးမှုတွေ တိုးလာတဲ့ အတွက်
တီဘီရောဂါနဲ့ ဆေးယဉ်ပါး တီဘီရောဂါကြောင့် ဖျားနာသူအရေအတွက် တိုးလာတာကိုကြံုနေရပါတယ်” ဟု ၎င်းက ဆိုသည်။
၂၀၂၁ ခုနှစ်တွင် ခန့်မှန်းခြေ လူ ၁၀ ဒသမ ၆ သန်းသည် တီဘီရောဂါဖြင့် ဖျားနာခဲ့ကြောင်း ဒဗလျူအိတ်ချ်အိုက ၎င်း၏ နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ တီဘီရောဂါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့်နှစ်က တီဘီရောဂါ ဖြစ်ပွားခဲ့သော လူအများစုမှာ အရှေ့တောင်အာရှတွင် ၄၅ ရာခိုင်နှုန်း၊ အာဖရိကတွင်၂၃ ရာခိုင်နှုန်း နှင့် အနောက်ပစိဖိတ်ဒေသတွင် ၁၈ ရာခိုင်နှုန်း ရှိခဲ့သည်။
WHOက တီဘီရောဂါ ပြန်လည် ခေါင်း ထောင်လာခြင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဟုဆိုသည်။
“ဒီအစီရင်ခံစာရဲ့တွေ့ရှိချက်ကတော့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ တီဘီရောဂါ ရှာဖွေကုသခွင့်နဲ့ တီဘီရောဂါရဲ့ ဝန်ထုပ်ဝန်ပိုး အပေါ် မှာ ထိခိုက်စေတဲ့ သက်ရောက်မှုတွေ ဆက်လက်ရှိနေသေးတယ်ဆိုတာပဲ” ဟု WHOက ပြောကြားခဲ့သည်။
ရေးသားသူ – ပေါ်ပြူလာဂျာနယ်
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း
မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။