ထီးချိုင့်မြိုနယ်၊ အင်တိန်ကျေးရွာကို စစ်တပ်က မီးတင်ရှို့ပြီး လေသာကျေးရွာကို lat nat ကြီး များဖြင့် ပစ်ခတ်နေ

Local News

ထီးချိုင့်မြိုနယ်၊ အင်တိန်ကျေးရွာကို စစ်တပ်က မီးတင်ရှို့ပြီး လေသာကျေးရွာကို lat nat ကြီး များဖြင့် ပစ်ခတ်နေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ထီးချိုင့်မြိုနယ်၊ အင်တိန်ကျေးရွာကို စစ်တပ်က မီးတင်ရှို့ပြီး လေသာကျေးရွာကို lat nat ကြီး များဖြင့် ပစ်ခတ်နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၃၀


စစ်ကိုင်းတိုင်း၊ ထီးချိုင်မြို့နယ်၊ အင်းတိမ်ကျေးရွာကို ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က မီးတင်ရှို့ နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
နိုဝင်ဘာလ ၃၀ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် စစ်တပ်က အင်တိန်ကျေးရွာကို lat natကြီး များ ဖြင့်ပစ်ခတ်ပြီး ထိုးစစ်ဆင်လာကြောင်း၊ ယင်းနောက် နံနက် ၉နာရီခွဲတွင် ရွာကို မီးတင် ရှို့ခြင်း ဖြစ် ကြောင်း၊ စစ်တပ်က lat natကြီးဖြင့်ပစ်ခတ် ဝင်ရောက်လာသဖြင့် ပြည်သူများ ထွက်ပြေး နေရကြောင်း သိရှိရသည်။


“ရွာမဝင်ခင်မှာ lat natကြီးတွေနဲ့ ပစ်ခတ်ပြီးရွာထဲဝင်လာတာဖြစ်တယ်ဗျ။ မီးကတော့ရှို့နေတုန်း။မီးလောင်အိမ်အတိအကျတော့မသိဘူး။ မနက် ၇ ခွဲ လောက်မှာ လက်နက် ကြီးနဲ့ ပစ်ခတ်နေပါတယ်။ နံနက် ၉ နာရီ လောက်မှာ မီးရှို့ခံရတာပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်က နေအိမ်များကို လုယက်ဖျက်ဆီးမှုများ၊ မီးတင်ရှို့မှုများ လုပ်ဆောင်ပြီး ကျေးရွာ တစ်ခုလုံးကို မွှေနှောက်ဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။


အင်းတိန်ရွာကို စစ်သားတချို့က မီးရှို့နေချိန် အခြားစစ်သားတချို့က အင်တိန်ရွာနှင့် ရွာချင်း ကပ် လျက် လေသာရွာသို့ ဝင်ရောက်ဖျက်ဆီးရန် lat natကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။