Aries(March 21 – April 19)အကြောင်း
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Aries(March 21 – April 19)အကြောင်းလေးပဲ ဖြစ်ပါတယ်။
Aries (March 21 – April 19)
Element – Fire
Personality
Aries ရာသီခွင်ဟာ ရာသီခွင် 12ခုရဲ့ ပထမဆုံး ရာသီခွင် ဖြစ်ပါတယ်. ဒါကြောင့်မို့ Ariesတွေဟာ ဘယ်အရာမှာမဆို နာပါတ် တစ် ဖြစ်ရမှ ကြိုက်တဲ့လူတွေဖြစ်ပါတယ်
Fire signဖြစ်တဲ့ အလျောက် ရဲရင့်တယ် ရည်မှန်းချက်ရှိတယ် ခေါင်းမာတယ် ဦးစီးဦးဆောင်ဖြစ်ချင်တယ် တစ်ခုခုဆို challengeလုပ်ရတာကြိုက်ကျတဲ့ လူတွေဖြစ်ပါတယ်
ဟာသဉာဏ် အရမ်းကောင်းသလို စိတ်သဘောထားလဲ အလွန်ကောင်းမွန်ကျပါတယ် အရာရာကို ပေါ့ပေါ့ပါးပါးတွေတက်သလိုလို ဘာမှကို မသိသလို မခုတ်တက်တဲ့ကြောင်လိုလဲ ဟန်ဆောင်တက်ကျပါသေးတယ်
Ariesတွေရဲ့ မကောင်းတဲ့ အချက်တွေကတော့ အညိုးကြီးတယ် ကလဲ့စားချေရတာထက် ပိုဆိုးတဲ့ ရင်တွင်းမာနနဲ့ ပိုညိုးတက်ကျတယ် သူတို့ပေါ်မကောင်းတာတစ်ခုခုသွားလုပ်မိရင်တော့ သေတဲ့အထိ ကိုညိုးတက်တာပါ
တစ်ခါလေကျရင် အရမ်းကို ရဲရင့်ပြီး တစ်ခါလေကျရင်လဲ မဟုတ်တဲ့ ကိစ္စသေးသေးလေးနဲ့ ကြောက်နေတက်ပါတယ် အဆိုးဆုံးတစ်ခုကတော့ စိတ်မရှည်သလို သည်းလဲ မခံတက်ပါဖူး အဲတာကြောင့်လဲ ဝန်ထမ်းလုပ်ရင် အလုပ်ခဏခဏ ပြောင်းတက်ပါတယ်
Ariesတွေဟာ Roman God of War လို့ ခေါ်တဲ့ Mars ဂြိုဟ်ရဲ့ လွမ်းမိုးမှုအောက်မှာရှိတဲ့ အတွက်ကြောင့်
တစ်ခုခုနဲ့ ယှဉ်ပြိုင်ရမယ် တိုက်ခိုက်ရမယ်ဆို ပျော်နေတက်ကျပါတယ် စိတ်တိုဒေါသထွက်တာလွယ်ပေမဲ့ စိတ်တိုတာပျောက်ဖို့လဲလွယ်ပါတယ် သို့သော် စိတ်တိုနေတဲ့ Ariesတစ်ယောက်ကိုတော့ သွားမထိပါနဲ့
ထူးခြားချက်များ
Ariesတော်တော်များများဟာ အသားထက်အရွက်ကို ပိုပြီးနှစ်သက်ပါတယ်
ဘဝမာ ဘယ်လောက်ဘဲ ချမ်းသာသာ ဘယ်အရာကိုမှအချောင်မလိုချင်ကျပါဖူး တစ်ခုခုကို ကြိုးစားပြီး ရယူရတာကိုဘဲ သဘောကျကျပါတယ် ဒါကျမို့လဲ များသောအားဖြင့် ပင်ပန်းရတက်ပါတယ်
မိသားစုဝင်မာ အမေ အမ အဘွား အဒေါ်တို့ရဲ့ ဩဇာလွမ်းမိုးမှုကို ခံရတာက်ပါတယ် Aries ယောင်္ကျားလေးတော်တော်များများကတော့ အဖေနဲ့ မတည့်တက်ပေမဲ့ သမီးတော်တော်များများကတော့ အဖေအချစ်ဆုံးသမီး ဖြစ်နေတက်ပါတယ်
Ariesအများစုရဲ့ ငယ်ဘဝက ဖိနှိပ်ချုပ်ချယ်တာ ခံရတက်ပါတယ် မောင်နှမသားချင်းအတူတူတောင် မျက်နှာသာအပေးမခံရတက်ပါဖူး ဒီဟာတွေက နာကျင်စရာဆိုပေမဲ့ တစ်ချိန်မာ Ariesအများစုဟာ မိသားစုရဲ့ခေါင်းဆောင်ဖြစ်လာတက်ပါတယ်
အကျိုးပေးသော စီးပွားရေးများ
Aries တွေဟာ ဆေးဝါးကုသခြင်း စက်မှု စိုက်ပျိုးရေး အချက်အပြုတ် လုပ်ငန်းတွေနဲ့အထူးအကျိုးပေးတက်ပါတယ်
အချစ်ရေး
Ariesအများစုက သနားချစ်နဲ့ ပိုပြီး ချစ်တက်ကျပါတယ် ဒါပေမဲ့ သူတို့ရဲ့ ပါတနာကိုတော့ weak ဖြစ်တဲ့လူကိုမရွေးချယ်ကျပါဖူး
လွယ်လွယ်နဲ့တော့ မချစ်တက်ကျပေမဲ့ ချစ်ရင်ချစ်ကြောင်း မြန်မြန်ပြောတက်ကျပြီး အီတာတွေ ကြူတာတွေ ဝါသနာမပါဆုံးအလုပ်တွေဘဲဖြစ်ပါတယ်
အချစ်ရေးမှာတော့ တစ်ခုရှိတာကတော့ လူနှစ်ဦးကိုတစ်ပြိုင်နက်ထဲ ချစ်မိတာမျိူးဖြစ်တက်ပါတယ်
တစ်ဦးကဦးနှောက်နဲ့တွေးပြီးချစ်တဲ့လူ တစ်ဦးက နှလုသားနဲ့ရွေးပြီးချစ်တဲ့လူဖြစ်ပြီး ဝေခွဲမရအခြေအနေတွေနဲ့ ကြုံတွေ့ရတက်ပါတယ်
Ariesလွမ်းမိုးသော Tarot ကတ် အမြင်
Ariesရဲ့ လွမ်းမိုးတဲ့ tarot ကတ်ကတော့ Emperorဖြစ်ပါတယ် tarot မာဆိုရင်တော့ Zeusကို ကိုယ်စားပြုတဲ့ Major ကတ်အနေနဲ့တွေ့ရပါတယ် Zeus ရဲ့ ဘဝဇာတ်ကြောင်း အတိုင်း ခေါင်းဆောင်ဖြစ်မယ် စိတ်စွမ်းအားကောင်းတယ် တစ်ခုခုဆို မတွန့်မဆိုင်းဖြေရှင်းတက်တယ်
နောက်ကွယ်ကတိုက်ခိုက်မှုတွေကိုပေါ်တင်ဖြေရှင်းရဲတယ် မိတ်ဆွေထက် ရန်သူများတယ် ကိုယ့်ကို အပုတ်ချချင်တဲ့လူဟာနေရာတိုင်းမာရှိတယ် အတ္တကြီးတယ် တစ်ယူသန်တယ် အချစ်ရေးကတော့ ငြီးငွေလွယ်တက်တယ် ရည်းစားများတက်တယ် ငယ်စဉ်မာ မိတစ်ကွဲဖတစ်ကွဲနေရတက်တယ်
ဒါကတော့ Ariesရဲ့ အကြောင်းဟာဒီလောက်ပါဘဲ Moon Risingတွေအရတော့ အမျိုးအမျိူးကွဲသွားနိုင်ပါတယ်
ရေးသားသူ – ELLIE
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။