Near future love life (timeless) reading
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Near future love life (timeless) readingဆိုတဲ့tarot ဗေဒင်လေးပဲ ဖြစ်ပါတယ်။
အချစ်ရေးလေး ဖတ်ပေးပါမယ်
Single/RS ကြည့်နိုင်ပါတယ်
Near future love life (timeless) reading အတွက် ရွေးလို့ရပါပြီ
Pile 1 –
RS လေးတွေ အချစ်နဲ့ပတ်သက်ပြီး အပူတပြင်းဖြစ်တာလေးတွေ၊ အချစ်လွန်တာလေးတွေ လျော့ရပါမယ်
အရမ်းတွေသ၀န်တို အူတိုရင်းကနေ ကိုယ့်ဘက်ကကြီးပေးဆပ်ရတဲ့အနေအထားရောက်မှန်းမသိ ရောက်တတ်ပါတယ်
အပေးအယူမမျှတဲ့ အချစ်ရေးတွေမှာ အခန့်မသင့်ရင် မကြာခဏစကားများရန်ဖြစ်ကနေ ပြတ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်
အဓိက အနိုင်ရချင်တဲ့စိတ်ကြောင့် ထင်ရာဆိုင်းတတ်တာပါ
၂ ဖက်လုံးက အပေးအယူမျှမျှချစ်တတ်ရင်တော့ အချစ်တွေပိုပိုတိုးလာပြီး ဘယ်သူခွဲခွဲဒို့မကွဲပါဘူး
Single တွေက crush ရှိသူတွေက သူများနဲ့အပြိုင်လုရတတ်ပါတယ်
ကိုယ့်ဘက်က လက်ဆောင်တွေပေး ရှယ်အမ်းရင်တောင် အဖတ်လုပ်မခံရလို့ အသဲကွဲတတ်ပါတယ်
Crush မရှိသူများ အချစ်ရေးအတားအဆီးနည်းနည်းရှိနေပါတယ်၊ ကိုယ်နဲ့အဆင်ပြေလောက်တဲ့သူနဲ့ တွေ့ရင်တောင်ပတ်၀န်းကျင်ကြောင့် စိတ်ရှုပ်ရတတ်ပါတယ်
အသဲကွဲခဲ့ရရင်တော့ အဲ့ဒဏ်ရာတွေ healed ဖြစ်သွားပြီး အချစ်သစ် ၁ ခုစဖို့အသင့်ဖြစ်နေပါလိမ့်မယ်
Pile 2 –
RS လေးတွေ နေရာချင်းဝေးကွာနေသူတွေ အထီးကျန်ဆန်တတ်ပါတယ်
ချစ်သူက ရပ်ဝေးသွားရတာ ခွဲခွာရတာမျိုးကြုံရပါလိမ့်မယ်
လွမ်းဆွေးရမယ့်အချိန်လေးပေါ့၊ ညဘက်တွေတောင် အိပ်မပျော်ဖြစ်တတ်ပါတယ်
အဲ့အချိန်လေးမှာ သံယောဇဥ်ပိုတိုးအောင် လုပ်နိုင်ပါလိမ့်မယ်၊ ပိုပိုချစ်လာတာမျိုးပေါ့
၁ ဖက်က အရမ်းခက်ပြတ်ပြတ်ပြောတတ်တာလေးတွေ နားလည်ပေးရပါလိမ့်မယ်
ချစ်သူကိုအူတိုလို့ဝေးနေတုန်း checking လိုက်တာတွေတော့ရှိမှာပေါ့လေ (ခွင့်လွှတ်လိုက်ပါ)
Single တွေ crush ရှိရင် အခြေအနေတခုအပြောင်းအလဲကြုံမယ်၊ နီးစပ်ဖို့ အခွင့်အရေးရှိရင်လက်လွတ်မခံပါနဲ့ ကိုယ်ချစ်ကြောင်းသိအောင်ပြပါ၊ မဟုတ်ရင် single ဘ၀ကမကျွတ်ပါဘူး ပြတ်သားပါစေ
Single (crush မရှိသူ)ကတော့ ခရီးသွားရင်း ရင်ခုန်ရသူတွေ့တတ်ပါတယ်၊ အရင်လူတွေကြောင့် ၀မ်းနည်းတာတွေ ရပ်ပြီး confidence ရှိရှိနေပါ
ကိုယ့်ကိုသဘောကျနေသူလဲ ရှိနေပါတယ်၊ စိတ်ထဲ အလိုလိုနေရင်း အထီးကျန်နေတတ်ပေမယ့် ကိုယ်ထင်သလောက်မဆိုးတဲ့ အချစ်ဇာတ်လမ်းလေးပေါ်လာနိုင်ပါတယ်
Pile 3 –
RS တွေ အိမ်ထောင်ပြုဖို့အရေး ဆွေးနွေးပြောဆိုပြီး စိတ်ပင်ပန်းရတတ်ပါတယ်
ကိုယ့်ဘက်က အရာရာစလုပ်နေရတဲ့အတွက် တခါတခါအနားယူဖို့အချိန်လိုအပ်ပါလိမ့်မယ်
အိမ်ထောင်ရေးအတွက်ပြင်ဆင်နေသူတွေ ၄ လနေမှအဆင်ပြေပါလိမ့်မယ်
အဲ့မတိုင်ခင်ဆို သိပ်မကောင်းပါ
တခုခုဆို ချစ်သူကြား/နှစ်ဖက်မိဘနဲ့ပတ်သက်ပြီး အတိုက်အခံလေးပြောပြီးမှ အောင်မြင်တတ်ပါတယ်
အိမ်က သဘောမတူသူလေးတွေ စိတ်ရှည်ပါ၊ ၄ လနေအဆင်ပြေပါလိမ့်မယ်
အနည်းဆုံး engaged or ၂ ဖက်တွေ့ဆုံပွဲတော့ မဖြစ်ဖြစ်အောင်လုပ်တတ်ပါတယ်
၂ ဦးကြား မာနအားပြိုင်တတ်တာလေးတွေ သတိထားပါ
Single တွေ crush ရှိရင် ၄ ပတ်ကနေ ၆ ပတ်အတွင်းအဆင်ပြေလာနိုင်ပါတယ်
တခုရှိတာက crush ဘက်ကစိတ်၀င်စားကြောင်း ပြလာချိန်ကျ ကိုယ့်ဘက်ကစိတ်မပါတော့တာတွေ၊ ချေတာတွေဖြစ်တတ်တယ်
သေချာစဥ်းစားပေါ့နော် အခွင့်အရေး ၂ ခါမရဘူး
Crush မရှိသူများ အချစ်ရေးမှာ အတည်တကျချစ်ပြီး လက်ထပ်မယ့် plan ရှိပေမယ့် အချစ်ရေးကိုပျင်းနေတတ်တယ် self-love လုပ်လွန်းပြီး အများအမြင်မှာ မာနကြီးတတ်ပုံပေါ်နေတတ်လို့ လူအမြင်ကတ်ခံရနိုင်လို့ သတိထားပေါ့နော်
အချစ်ရေး ၆ ပတ်နေအဆင်ပြေလာဖို့ရှိတယ်
ရေးသားသူ – Chaw Tarot Reading
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။