The most hardworking to the laziest sign
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ The most hardworking to the laziest sign ဆိုတဲ့၁၂ ရာသီခွင်တွေရဲ့အကြောင်းလေးပဲ ဖြစ်ပါတယ်။
The most hardworking to the laziest sign
1. Virgo
virgo တွေက perfectionist တွေဖြစ်တဲ့အလျောက် သူတို့လုပ်သမျှ perfect ဖြစ်မှစိတ်ကျေနပ်ကြပါတယ်။ ကိုယ်စိတ်ကျေနပ်တဲ့အထိအလုပ်ကိုထိုင်ရာကမထလုပ်တတ်ကြသူတွေပါ။
2. Capricorn
capricorn တွေကရည်မှန်းချက်ကြီးကြပြီးတော့ သူတို့ပန်းတိုင်ကိုရောက်အောင် အလုပ်ကြိုးစားလေ့ရှိကြပါတယ်။ အလုပ်လုပ်ရတာကြိုက်တဲ့သူတွေဖြစ်ပြီး အလုပ်ကိုဇွဲရှိရှိ ကြိုးစားတတ်ကြပါတယ်။
3. Aries
aries တွေကအမြဲတမ်း တက်ကြွနေပြီးတော့အချိန်ဆွဲရတာမကြိုက်ပါဘူး။ စိတ်ကူးထဲပေါ်လာတာနဲ့ချက်ချင်းထလုပ်လေ့ရှိကြပါတယ်။
4. Scorpio
ကင်းမြီးကောက်တွေက အလုပ်မှာအမြဲစိတ်အားတက်ကြွမှုရှိပြီးတော့ အလုပ်ကိုကောင်းကောင်းအာရုံစိုက်နိုင်ကြပါတယ်။
5. Gemini
gemini တွေကတအားစပ်စုတတ်တဲ့ရာသီဖွားတွေဖြစ်တာကြောင့် အလုပ်တခုလုပ်ပြီဆိုလည်း dataတွေအသေးစိတ်ရှာဖတ်ပြီး သေချာချက်ကျလက်ကျလုပ်တတ်ကြပါတယ်။
6. Libra
libra အများစုက extrovert တွေဖြစ်ပြီး အဖွဲ့နဲ့လုပ်ရတဲ့ group project တွေမှာ အရမ်းတက်ကြွကြပါတယ်။
7. Aquarius
Aqua တွေကဥာဏ်ကောင်းပြီးထက်မြက်ပေမယ့် အလုပ်တစ်ခုထဲမှာကြာကြာအာရုံမစိုက်နိုင်ကြပါဘူး။ အလုပ်ကိုလည်း လုပ်ချင်စိတ်ပေါက်မှထလုပ်ပြီး စိတ်မပါရင်ပစ်ထားတတ်ကြပါတယ်။
8. Sagittarius
sagi တွေကတော့အပျင်းတကာ့ထိပ်ခေါင်တွေပါ။ အိပ်လိုက် စားလိုက်နဲ့ဘ၀ကိုပျော်ပျော်ပဲဖြတ်သန်းချင်ကြပါတယ်။ ရည်မှန်းချက်ကြီးပေမယ့် နေ့ရွှေ့ညရွှေ့နဲ့ ပျင်းနေတာကများပါတယ်။
9. Leo
leoတွေက စကားကြီးစကားကျယ်တွေပြော၊ ရည်မှန်းချက်ကြီးပြီး အကောင်းကြိုက်တတ်ပေမယ့် တကယ်တမ်းကျကြိုးစားဖို့ပျင်းပါတယ်။ အချိန်ဆွဲတဲ့နေရာမှာဆရာကြီးတွေပါ။
10. Taurus
taurus တွေကကျ အလုပ်မလုပ်ဘဲ အောင်မြင်ဖို့ကိုထိုင်ပြီးဆုတောင်းချင်တဲ့သူတွေပါ။
11. Cancer
ဘေးတိုက်သွားတဲ့ဂဏန်းတွေကတော့ စိတ်ခံစားချက်ကိုအရမ်းဦးစားပေးပါတယ်။ စိတ်ပါလာမှအလုပ်ထလုပ်ပြီး စိတ်မပါရင်တနေ့လုံးလည်းအိပ်နေနိုင်ပါတယ်။
12. Pisces
pisces တွေကအလုပ်လုပ်ရမှာထက် လဲလျောင်းပြီးစိတ်ကူးယဥ်နေရတာကိုပိုကြိုက်ကြပါတယ်။ ကိုယ့်ကိုယ်ကိုလည်းအရမ်းညှာကြပါတယ်။ လက်တွေ့ကျအလုပ်မလုပ်ဘဲ စိတ်ကူးထဲတိုက်အိမ်ဆောက်နေတဲ့လူမျိုးတွေပါ။
ရေးသားသူ – C H A W
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။