Top Girlfriend Zodiacs (ချစ်သူအဖြစ် အရွေးချယ်သင့်ဆုံးမိန်းကလေးရာသီခွင်များ)
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Top Girlfriend Zodiacs (ချစ်သူအဖြစ် အရွေးချယ်သင့်ဆုံးမိန်းကလေးရာသီခွင်များ) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ဒီတစ်ခါတော့ ယောကျာ်းလေးတွေအတွက် ဘယ်ရာသီခွင် မိန်းကလေးကို ချစ်သူအဖြစ်အရွေးသင့်ဆုံးလဲပေါ့လေ
1. Taurus
အေးစက်မလိုနဲ့ အရမ်းနွေးထွေးတယ် ခေါင်းလေး မဆိုသလောက်မာပေမဲ့ အကျိုးသင့်အကြောင်းသင့်ပြောရင် လက်ခံပြီးသားပဲ ဖုန်းဆက်လိုက်တိုင်း အိပ်နေတဲ့အပျင်းမလေးတွေမို့ နောက်တစ်ယောက်ထားဖို့နေနေသာသာ သူ့ဟာသူတောင် မနည်းအိပ်ချိန်လုအိပ်နေရတဲ့ earth sign ရာသီခွင်ကောင်မလေးတွေပါပဲ
2. Leo
လီယိုမလေးတွေက အရမ်းစိတ်ကောက်တတ်သလို အချော့အရမ်းခံချင်ပါတယ် တစ်ခုခုဆိုရင် သူပဲကြိတ်စိတ်ပူနေတတ်ပြီး စိတ်ကောက်တဲ့ကြားက လာလာချောင်းတတ်ပါတယ် ချစ်သူရဲ့ဦးစားပေးမှုကို ခံချင်လွန်းလို့ ကြောင်လေးတွေလိုကို ကပ်တတ်ပါတယ် Fire sign ပေမဲ့ တကယ်ချစ်တဲ့သူနဲ့ဆို ကြောင်မလေးတွေဖြစ်နေတတ်တာ လီယိုခြင်္သေ့မလေးတွေပါပဲ (အိမ်က လီယိုမကြီးကတော့ အားရင် night duty OT ဆင်းပြီး ပိုက်ဆံပဲရှာနေတာမို့ သူကတော့ ခြွင်းချက်ပေါ့နော်)
3. Virgo
တည်သလိုလို မာသလိုလိုထင်ရပေမဲ့ တကယ်ချစ်ပြီဆို တောက်တဲ့လိုကပ်ပြီး အရိပ်တကြည့်ကြည့်နေတတ်တာ Virgo မလေးတွေပါပဲ စိတ်ဆိုးပြီဆိုရင် ကျောက်ခဲတစ်လုံးလိုမာကြောတတ်ပေမဲ့ ချစ်တဲ့သူနဲ့ဆိုရင်တော့ နူးညံ့သိမ်မွေ့တတ်တာ Earth sign Virgo မလေးတွေပါနော် ဘဝတိုးတက်ရေးနဲ့ မိသားစုရေးကို ဦးစားပေးရနေရလို့ နောက်တစ်ယောက်ထားဖို့နေနေသာသာ သူ့ plan နဲ့သူတောင် တိုင်ပတ်နေတတ်သူလေးတွေပါ
4. Sagittarius
Sagittariusမလေးတစ်ယောက်ကို ချစ်သူတော်ထားရရင်တော့ အတော်ကံကောင်းတယ် မှတ်လိုက်ပါနော် စန်းအရမ်းပွင့်ပြီး နေရင်းထိုင်ရင်း ချေနေတတ်တဲ့ Fire Sign Sagi မလေးတွေက တော်ရုံကိစ္စဆို ခေါင်းထဲမထည့်တတ်ပေမဲ့ သူတို့ချစ်တဲ့သူနဲ့ပတ်သက်တဲ့ကိစ္စတွေ ဆိုရင် လုံးဝကို အရာရာမှာ မှတ်မိနေတတ်ပါတယ် သူတို့အလုပ်နဲ့ သူတို့ရှုပ်နေကြသူမို့ နောက်တစ်ယောက်ထားဖို့နေနေသာသာ အလိုလိုနေရင်းကို ချေနေကြသူတွေမို့ စိတ်ချရပါတယ်
5. Scorpio
ကင်းမြီးကောက်မလေးတွေရဲ့အချစ်ရေးက အမြဲလိုလို မိဘဆွေမျိုး သူငယ်ချင်းအပေါင်းအသင်းတွေ သဘောမတူ မကြည်ဖြူမှုကြားက ခိုးချစ်ရတဲ့ ဇာတ်နာမှုတွေပါလာတတ်ပါတယ် တစ်လောကလုံးနဲ့ တစ်ယောက် လဲပြီးချစ်ရဲတတ်ကြသူလေးတွေမို့ အဆိုးဆုံးတွေကိုတောင် ရအောင်တင်းခံဖြတ်ကျော်တတ်ကြပါတယ် Water sign ကင်းမြီးကောက်မလေးတွေကို ချစ်သူတော်ထားရရင်တော့ သစ္စာရှိဖို့ အထွေအထူးတောင်းဆိုစရာကိုမလိုတာပါနော်
6. Pisces
ကိုယ့်ကိုကိုယ်နဲ့ မိသားစုဆို မိသားစုကို ပိုချစ်တတ်တဲ့ ကောင်မလေးတွေက သူတို့ချစ်သူကိုတော့ သူတို့ကိုယ်သူတို့ထက်ပိုချစ်တတ်ပါသတဲ့ အဆင်မပြေတဲ့အခြေအနေတွေ အခက်အခဲတွေကြားက ငါးကလေးတွေလို ရေလိုက်ငါးလိုက် မရရအောင် ညှိပြီး ချစ်ခဲ့ရတဲ့သူတွေမို့ ပိုပြီး သံယောဇဉ်ကြီးတတ်တာ ဒီလို Water sign Pisces မလေးတွေပါပဲ
7. Cancer
ဂျစ်တူးတူးဂျစ်တစ်တစ်ပေမဲ့ ချစ်ရတဲ့သူကိုဆို လက်မလိမ်ချိုးရင်တောင် ငိုပြီးသည်းခံရှာတဲ့ ဂဏန်းမလေးတွေပါ Water sign Cancer ဂဏန်း မလေးတွေကို ချစ်သူတော်ထားမိရင်တော့ သူတို့ဘက်က သည်းခံနေသမျှကို အနိုင်မယူမိဖို့လိုပါတယ် တကယ်စိတ်ပြတ်ချိန်မှာ ချိုးထားတဲ့လက်မတစ်ချောင်းအတွက် အချောင်း ၁၀၀ စာလောက်ပြန်ပြီး အလျော်တောင်းတတ်တယ်ရယ်
8. Aries
အရမ်းကို အမှတ်အစွဲကြီးလွန်းတဲ့ Ariesမလေးတွေပါ တစ်ယောက်ကိုချစ်ပြီဆိုရင် တစ်သက်မှတ်ထားတတ်ကြပြီး အနာဂတ်အတွက် အသေကြိုးစားတတ်ကြတာ Aries တွေပါပဲ အဆင်ပြေပြေမပြေပြေ မြိုသိပ်တတ်ပေမဲ့ အမြဲအကောင်းအမြင်မခံရတာလည်း Ariesပါ ဒါပေမဲ့ မချစ်တော့ဘူးဆိုရင်လည်း အတော်ကို လျစ်လျူရှုတတ်တဲ့ရာသီခွင်ဖြစ်နေပြန်ရောရယ်
တခြားရာသီခွင်တွေရောလို့ မမေးပါနဲ့နော် Top Girlfriend list ဖြစ်တဲ့အတွက် ဒီ ရာသီခွင် ၈ ခုက ထိပ်ဆုံးပါပဲ မွေးရက် မွေးချိန်အလိုက် Sun/Moon/Venus/ Rising တွေကွာသေးတာမို့ ဒီ ရာသီခွင် ၈ ခုထဲက လူတိုင်းနဲ့ကွက်တိ မှန်မယ်မဆိုလိုပါဘူး
ရေးသားသူ – Tarot Queen Gorgeous
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။