နာမည်ကျော် ဟာသ၀တ္တုစာရေးဆရာ အကြည်တော် ပင်လုံဆေးရုံတွင် ကွယ်လွန်

Celebrity Local News

နာမည်ကျော် ဟာသ၀တ္တုစာရေးဆရာ အကြည်တော် ပင်လုံဆေးရုံတွင် ကွယ်လွန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နာမည်ကျော် ဟာသ၀တ္တုစာရေးဆရာ အကြည်တော် ပင်လုံဆေးရုံတွင် ကွယ်လွန်ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၉
နာမည်ကျော်ဟာသ၀တ္တုစာရေးဆရာ အကြည်တော်သည် ရန်ကုန်မြို့၊ ပင်လုံ ပုဂ္ဂလိကဆေးရုံတွင် ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရှိရသည်။
စာရေးဆရာအကြည်တော်၏ မိသားစုများက လူမှုကွန်ရက်တွင် စာရေးဆရာ အကြည်တော်ကွယ်လွန်ကြောင်းသတင်းကို အသိပေးထုတ်ပြန်ထားပြီး ယနေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် thay ဆုံးသည်ဟု ဆရာဝန်က အတည်ပြုသည်ဟု သတင်းထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံတွင် သွားရောက် ဆေးဝါးကုသမှု ခံယူပြီးနောက် စာရေးဆရာ အကြည်တော်သည် ကင်ဆာရောဂါဖြင့် ရန်ကုန်မြို့၊ ပင်လုံဆေးရုံဆက်လက် ဆေးကုသစဉ် ကွယ်လွန်ခဲ့ရခြင်းဖြစ်သည်။


စာရေးဆရာ အကြည်တော်သည် နာမည်အရင်းမှာ စောကြည်ဖြူဖြစ်ပြီး ကွယ် လွန်ချိန်တွင် အသက် ၅၁ နှစ်ရှိနေပြီဖြစ်သည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...