ရန်ကုန်သပိတ်မှ လူငယ်များက “ဥပဒေကို စစ်ကျွန်ပြုထားသ၍ ဘယ်တော့မှ တရားမျှတမှုရှိမှာ မဟုတ်ဘူး” စာတန်း ချိတ်ဆွဲ

Local News

ရန်ကုန်သပိတ်မှ လူငယ်များက “ဥပဒေကို စစ်ကျွန်ပြုထားသ၍ ဘယ်တော့မှ တရားမျှတမှုရှိမှာ မဟုတ်ဘူး” စာတန်း ချိတ်ဆွဲ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရန်ကုန်သပိတ်မှ လူငယ်များက “ဥပဒေကို စစ်ကျွန်ပြုထားသ၍ ဘယ်တော့မှ တရားမျှတမှုရှိမှာ မဟုတ်ဘူး” စာတန်း ချိတ်ဆွဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ နိုဝင်ဘာ ၁၂

ရန်ကုန်လူထု သပိတ်မှ လူငယ်များက ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် “ဥပဒေကို စစ်ကျွန်ပြုထားသ၍ ဘယ်တော့မှ တရားမျှတမှုရှိမှာ မဟုတ်ဘူး” စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။


ရန်ကုန်လူထု သပိတ်၏ ဦးဆောင်မှုဖြင့် နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ခဲ့သော စစ်ကောင်စီ ရွေးကောက်ပွဲကို သပိတ်မှောက်ရန်၊ မတရားသည့် အမိန့် အာဏာဟူသမျှကို ရသည့်နည်းလမ်း အသွယ်သွယ်ဖြင့် ဆန့်ကျင်ရန်နှင့် တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိအမြဲရှိရန် FAILED LAW လှုပ်ရှားမှုကို ပြည်သူများ ပူးပေါင်းဝင်ရန် နှိုးဆော်ထားသည်။


“ဥပဒေကို စစ်ကျွန်ပြုထားသရွေ့ ဘယ်တော့မှ တရားမျှတမှုရှိမှာ မဟုတ်ဘူး” ဟု ကြွေးကြော်ထားသော ရန်ကုန်လူထုသပိတ်နှင့်အတူ တောင်ပေါ်မြေပြန့်သွေးချင်းများက Failed Law လှုပ်ရှားမှုတွင် ပါဝင်လာကြသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...