ရေစကြို၊ ဆပ်သွားရွာကို စစ်တပ်က မီးရှို့မှု နေအိမ် ၇ လုံးနှင့် ဆေးပေးခန်း ၁ ခု ပြာကျ၊ စစ် ကြောင်းကို PDF များက ရွာထဲအထိ ဝင်တိုက်သဖြင့် စစ်တပ် ပြန်ဆုတ်ခွာသွား

Local News

ရေစကြို၊ ဆပ်သွားရွာကို စစ်တပ်က မီးရှို့မှု နေအိမ် ၇ လုံးနှင့် ဆေးပေးခန်း ၁ ခု ပြာကျ၊ စစ် ကြောင်းကို PDF များက ရွာထဲအထိ ဝင်တိုက်သဖြင့် စစ်တပ် ပြန်ဆုတ်ခွာသွား
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရေစကြို၊ ဆပ်သွားရွာကို စစ်တပ်က မီးရှို့မှု နေအိမ် ၇ လုံးနှင့် ဆေးပေးခန်း ၁ ခု ပြာကျ၊ စစ် ကြောင်းကို PDF များက ရွာထဲအထိ ဝင်တိုက်သဖြင့် စစ်တပ် ပြန်ဆုတ်ခွာသွား
ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၈
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆပ်သွားရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့သဖြင့် နေအိမ် ၇ လုံးနှင့် ဆေးပေးခန်း ၁ ခု မီးလောင်ပြာကျခဲ့ကြောင်း ရေစကြိုသတင်းရင်းမြစ်Yesagyo Township Info Committee က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဆားလင်းကုန်းကျေးရွာအုပ်စု၊ ဆပ်သွားရွာကို ဝင်ရောက်စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ပြီး နေအိမ် ၆ လုံး၊ ဝန်ထမ်းအိမ်ယာ ၁ လုံးနှင့် ကျန်းမာရေး ဆေးပေးခန်း ၁ ခု တို့ မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

” ဆပ်ရွာထဲမှာတော့ ပြည်သူတွေ ထိခိုက်မှုနဲ့ ဖမ်းဆီးခံရတာတော့ မရှိပါဘူး။ ဆေးပေးခန်း ၁ ခန်း မီးရှို့ဖျက်ဆီးခံရတယ်။ ဆေးဝါး ပစ္စည်းတွေ ပျက်စီး ဆုံးရှုံးမှုကတော့ သိပ်များများပါမသွားဘူးလို့ သိရပါတယ်။ ဖမ်းဆီးခံရတာ မရှိပါဘူး။ ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်တိုက်လို့ စစ်ခွေးတွေ
ဇီးတောရွာအထိ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားတာတော့ ကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်” ဟု Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...