ထီးချိုင့်၊ အလယ်တောရွာတဝိုက်မှာ နှစ်ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်နေ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထီးချိုင့်၊ အလယ်တောရွာတဝိုက်မှာ နှစ်ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်နေဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၂၈ရက်မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အလယ်တောရွာအနီးမှာ စစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲ ဆက်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မနက် ၉နာရီလောက်မှာတော့ အင်ကြင်းကုန်းရွာကို မီးရှို့နေတယ်လို့ ဆိုပါတယ်။
“မီးလောင်နေတာက တစ်နာရီလောက်ရှိနေပြီ အခုထိကို မီးခိုးတွေမြင်နေရတုန်းပဲ၊ မီးများတယ်ဗျ။ တိုက်ပွဲကတော့ အခုမှပဲ အသံရပ်သွားတာ။ မနက်ထဲကတောက်လျှောက်ဖြစ်နေတာပဲ” လို့ ထီးချိုင့်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
မနေ့နိုဝင်ဘာ ၂၇ရက်တုန်းကလည်း အဲ့ဒီအလယ်တောရွာတဝိုက်မှာ တိုက်ပွဲတနေကုန်နီးပါးဖြစ်နေခဲ့ပြီး ညနေ ငါးနာရီဝန်းကျင်မှာတော့ စစ်ကောင်စီဘက်ကနေ လေကြောင်းနဲ့ပါ လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ရွာပေါင်း ငါးရွာထပ်မနည်းက ဒေသခံတွေထွက်ပြေးနေကြရပါတယ်။
အခုစစ်ကောင်စီစစ်ကြောင်းဟာပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ရက်တည်းက ကသာမြို့နယ်ကနေ ထီးချိုင့်မြို့နယ်ထဲကို ဝင်ရောက်လာကြတာဖြစ်ပြီး နိုဝင်ဘာ ၂၅ရက်မှာ ဆူးပုတ်ချောင်ရွာကို မီးရှို့ခဲ့သေးတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရေးသားသူ – BBC Burmese
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။