ခရစ်စမတ်ဆိုသည်မှာ

Knowledge

ခရစ်စမတ်ဆိုသည်မှာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခရစ်စမတ်ဆိုသည်မှာဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခရစ်စမတ်ပွဲတော်နေ့က ခရစ်ယာန်ဘာသာဝင်တွေဟာ ယေရှုခရစ်တော်ဖွားမြင်တဲ့နေ့ကို အထိမ်းအမှတ်ပြုတဲ့နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ခရစ်တော်ဖွားမြင်ရာနေ့ကို အတိအကျသိရှိခြင်းမရှိသော်လည်း အခုခေတ်မှာတော့ ခရစ်စမတ်ပွဲတော်ကို ဒီဇင်ဘာလ (၂၅) ရက်နေ့မှာ ကျင်းပကြပါတယ်။ အရင်တုန်းက ခရစ္စမတ်ပွဲတော်ကို မေလ၊ ဧပြီလ၊ ဇန်နဝါရီလတွေမှာ ကျင်းပခဲ့ဖူးကြပါတယ်။ အေဒီ ၃၀၀ ပြည့်နှစ်ကျမှသာ ဒီဇင်ဘာ (၂၅) ရက်နေ့ကို ခရစ်စမတ်ပွဲတော်နေ့အဖြစ် အတည်အကျ သတ်မှတ်ခဲ့ပါတယ်။

63 Best Christmas Decorations in 2022

ပွဲတော်နေ့မှာ ယောကျ်ား၊ မိန်းမ၊ လူကြီးလူငယ်မရွေး သူတို့ရဲ့လုပ်ငန်းတွေကို ရပ်ပြီး ပျော်ပွဲရွှင်ပွဲစားသောက်ပွဲတွေနဲ့ တခမ်းတနားကျင်းပကြပါတယ်။ ခရစ်စမတ်သီချင်းများလည်း တပျော်တပါးသီဆိုကြသလို ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ၊ ဆွေမျိုးတွေဆီ လက်ဆောင်တွေလည်း အပြန်အလှန်ပေးပို့ကြပါတယ်။ ကလေးတွေကတော့ ဆန်တာကလော့က သူတို့ကို လက်ဆောင်ပစ္စည်းတွေ လာပေးတယ်လို့ ယုံကြည်ထားကြပါတယ်။ အခုခေတ်မှာတော့ ခရစ်စမတ်ပွဲတော်ကို ခရစ်ယာန်ဘာသာဝင်တွေအပြင် အခြားဘာသာဝင်တွေလည်း ဆင်နွှဲလာကြပါပြီ။

ခရစ်စမတ်ကို အတိုကောက်အနေနဲ့ Xmas လို့သုံးနှုန်းလေ့ရှိပြီး X ဆိုတဲ့စကားလုံးက ဂရိစကားလုံးကနေ ယူထားတာဖြစ်ပါတယ်။ ခရစ်စမတ်လို့ပြောလိုက်တာနဲ့ ခရစ်စမတ်သစ်ပင်နဲ့ ဆန်တာကလော့ဘိုးဘိုးတို့ကတော့ မပါမဖြစ်ပါပဲ။ ခရစ်စမတ်နေ့ရောက်ခါနီးပြီးဆိုရင် နေရာတော်တော်များများမှာ ခရစ်စမတ်သစ်ပင်၊ ဆန်တာကလော့ဘိုးဘိုးအရုပ်တွေနဲ့ အလှဆင်ထားတာကို တွေ့မြင်ကြရပါတယ်။ ခရစ်စမတ်သစ်ပင်နဲ့ ဆန်တာကလော့ဘိုးဘိုးတို့ရဲ့သမိုင်းကြောင်းကတော့ ဒီလိုပါ။

ခရစ်စမတ်သစ်ပင်

30,000+ Xmas Tree Pictures | Download Free Images on Unsplash

ခရစ်စမတ်သစ်ပင်က ခရစ်စမတ်ပွဲတော်နဲ့အတူ အမြဲတွဲတွေ့ရတဲ့ အမှတ်အသားတစ်ခုပါ။ ခရစ်စမတ်သစ်ပင်ကို တချို့က ရှေးရောမအင်ပါယာက Saturanalia လူမျိုးတွေရဲ့ ရိုးရာနတ်ပွဲမှာ အသုံးပြုခဲ့တဲ့ အမြဲစိမ်းသစ်ပင်က စတင်တယ်လို့ ဆိုပါတယ်။ ပထမဆုံး ခရစ်စမတ်သစ်ပင်ကို ၁၆၀၄ ခုနှစ်မှာ ဂျာမန်လူမျိုးတွေက အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ခရစ်စမတ်သစ်ပင်က တြိဂံပုံစံ အခြေကြီးမားပြီး အပေါ်ကျဉ်းမြောင်းသွားကာ အဖျားချွန်းပြီး ထိပ်ဆုံးမှာတော့ ကြယ်တစ်စင်းရှိရပါတယ်။ အဲဒီတြိဂံပုံစံရှိတဲ့ သစ်ပင်ကိုသူတော်စင် Saint Boniface က ပြုလုပ်ခဲ့တာပါ။ Christmas tree ဆိုတဲ့ အင်္ဂလိပ်နာမည်အသုံးကတော့ ၁၈၃၅ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပါတယ်။ အခုခေတ် ခရစ်စမတ်သစ်ပင်တွေမှာ လက်ဆောင်ပစ္စည်းများ၊ မီးလုံးများနဲ့ အလှဆင်လာကြပါတယ်။

ဆန်တာကလော့စ် (ခရစ်စမတ်ဘိုးဘိုး)

Christmas 2022 | Christmas Holiday in India 2022

ဆန်တာကလော့စ်လို့ ပြောလိုက်တာနဲ့ ဘယ်သူမဆို ခရစ်စမတ်ဘိုးဘိုးလို့ ပြောကြမှာပါ။ ကလေးတွေကတော့ လက်တွေ့ဘဝမှာ ဆန်တာကလော့စ် (ခရစ်စမတ်ဘိုးဘိုး) ရှိတယ်လို့ ထင်နေပြီး ခရစ်စမတ်နေ့ရက်တိုင်း လက်ဆောင်ပေးမဲ့ ခရစ်စမတ်ဘိုးဘိုးကို မျှော်နေကြတုန်းပါပဲ။ တကယ်တော့ ဆန်တာကလော့စ်က ကက်သလစ် ခရစ်ယာန် ရဟန္တာ စိန့်နီကိုးလပ် (Saint Nicholas) ဖြစ်ပါတယ်။
စိန့်နီကိုးလပ်ကို အေဒီ ၂၈၀ ဝန်းကျင်မှာ မွေးဖွားခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်။ သူဟာ ပိုင်ဆိုင်တဲ့အရာတွေအားလုံးကို ပေးပစ်တာ၊ ကျေးလက်ဒေသတွေကို ခရီးထွက်ပြီး ဆင်းရဲချို့တဲ့တဲ့သူတွေကို ကူညီတာတွေလုပ်ခဲ့တယ်လို့ ပြောကြပါတယ်။ သူ့ကို လူတိုင်းက ကြည်ညိုလေးစားကြပြီး ကလေးတွေနဲ့ လူကြီးတွေအတွက် ကာကွယ်စောင့်ရှောက်သူဖြစ်လာခဲ့ပါတယ်။ သူ သေဆုံးတဲ့နေ့ ဒီဇင်ဘာလ (၆) ရက်နေ့ရက်တိုင်း သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပျော်ပွဲရွှင်ပွဲပြုလုပ်ကြပါတယ်။

Get to Know the Real Meaning of Xmas

ခရစ်စမတ်အချိန်အခါဆိုရင် စိန့်နီကိုးလပ်က လက်ဆောင်ပစ္စည်းများ ယူဆောင်လာတယ်လို့ ယူဆပြီး ခရစ်စမတ်ဘိုးဘိုးပေါ်ပေါက်လာခဲ့ပါတယ်။ အခုခေတ် ကျွန်တော်တို့ မြင်တွေ့နေရတဲ့ ဆန်တာကလော့စ်ဘိုးဘိုးပုံစံက အမေရိကန်နိုင်ငံသား သောမတ်စ် နက်စ် (Thomas Nast) က အိမ်နီးနားချင်း ပုပုဝဝနဲ့အဘိုးအိုကြီး ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ ကလေးတွေကို လက်ဆောင်ပေးတာကို မြင်ယောင်ပြီး ဖန်တီးရေးဆွဲခဲ့တာဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။