ဗိုလ်တထောင် ၄၄ လမ်းဖြစ်စဥ်ကဖမ်းဆီးခံလူငယ်တွေ ထောင်ဒဏ် ၁၂နှစ် ချမှတ်ခံရ

Local News

ဗိုလ်တထောင် ၄၄ လမ်းဖြစ်စဥ်ကဖမ်းဆီးခံလူငယ်တွေ ထောင်ဒဏ် ၁၂နှစ် ချမှတ်ခံရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဗိုလ်တထောင် ၄၄ လမ်းဖြစ်စဥ်ကဖမ်းဆီးခံလူငယ်တွေ ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်မြို့၊ ဗိုလ်တထောင် ၄၄ လမ်းဖြစ်စဥ်က ဖမ်းဆီးခံ လူငယ်တွေကို မနေ့ ဒီဇင်ဘာ ၂၇ရက်က အင်းစိန်ထောင်တွင်းတရားရုံးကနေ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်လိုက်ပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူ ၇ ဦးလို့တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပြီး ဒီအထဲ အမျိုးသမီးငယ်ဖြစ်တဲ့ မပိုးကျော့ကျော့ခန့် လည်းပါဝင်ပါတယ်။ ကျန်တဲ့ အမျိုးသား၆ဦးထဲ လူငယ် ၅ဦးကဖြစ်စဥ်မှာဖမ်းဆီးခံရသူတွေဖြစ်ပြီး နောက်ထပ်အမျိုးသား ၁ ဦးကတော့ အငှားယာဥ်မောင်းဖြစ်ပါတယ်။

လူငယ်တွေကို ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေပုဒ်မ ၅ နဲ့ထောင်ဒဏ် ၅နှစ် ၊ ဆက်စပ်ပုဒ်မဖြစ်တဲ့ ပုဒ်မ ၃/၆ နဲ့ ထောင်ဒဏ် ၇နှစ် တို့ကို သီးခြားစီကျခံဖို့ ချမှတ်ခဲ့လို့ တစ်ဦးကို ထောင်ဒဏ် ၁၂နှစ်အထိကျခံရမှာဖြစ်ပါတယ်။
အငှားယာဥ်မောင်း အမျိုးသားကတော့ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ၃/၆ နဲ့ ထောင်ဒဏ် ၇နှစ်ချမှတ်ခံရတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် သြဂုတ် ၁၀ရက်က ဗိုလ်တ‌ထောင် ၄၄ လမ်းက တိုက်ခန်းတစ်ခု ကိုစစ်ကာင်စီတပ်တွေဝင်ရောက်စီးနင်းခဲ့လို့တိုက်ပေါ်ကနေ လူငယ်တချို့ခုန်ချခဲ့ပါတယ်။ အဲဒီဖြစ်စဥ်မှာလူငယ် ၂ဦးဖြစ်တဲ့ ကိုဝေဇော်ဖြိုး နဲ့ မဝေဝေမြင့် (ခေါ်) ပန်းသီးတို့ ကတော့ နေရာမှာတင် thayဆုံးသွားခဲ့တာပါ။

ပုံစာ – ၂၀၂၁ သြဂုတ် ၁၀ရက်ဖြစ်စဥ်က စစ်ကောင်စီဖမ်းဆီးလို့လူငယ်တွေခုန်ချခဲ့တဲ့ တိုက်အနောက်ဘက်လမ်းကြားပုံ ။

အဲဒီနေ့မှာပဲ ကိုဝေဖြိုးအောင်၊ မောင်သီဟကောင်းဆက်နဲ့ မပိုးကျော့ကျော့ခန့် တို့ကိုတော့ စစ်ကောင်စီက ဖမ်းသွားခဲ့သလို ကိုရဲမင်းဦး၊ကိုမင်းသစ္စာအောင် ၊ကိုဝေယံထက်တို့ ကတော့ ‌ပြင်းထန်ဒဏ်ရာရခဲ့လို့ ဆေးရုံတက်ခဲ့ရပြီးနောက် ထောင်ကိုရောက်ခဲ့တာပါ။

အဲဒီကာလတုန်းက စစ်ကောင်စီဘက်ကထုတ်ပြန်ချက်မှာတော့ လူငယ် ၅ယောက်ကို ဖမ်းဆီးမိပြီး နှစ်ယောက်thayဆုံး၊ သုံးယောက်ဒဏ်ရာရကာ အားလုံးကို စစ်ဆေးရုံကို ပို့ဆောင်ထားသလို သုံးယောက် ဖမ်းမိထားတယ်လို့ ဖော်ပြခဲ့တာပါ။
ဒါ့အပြင် ဖမ်းမိတဲ့အထဲ ကိုသီဟကောင်းဆက်၊ ကိုဝေဖြိုးအောင်နဲ့ မပိုးကျော့ကျော့ခန့် တို့ကို လက်လုပ်ဗုံး၊ ယမ်းပျော့၊ ဗျောက်အိုး အပါအဝင် ဖောက်ခွဲရေးပစ္စည်းတွေလုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူဖမ်းမိတယ်လို့လည်းထုတ်ပြန်ခဲ့တာပါ။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။