Today’s Tarot Card – The Emperor (Upright)

Today’s Tarot Card – The Emperor (Upright)

Astrology

Today’s Tarot Card – The Emperor (Upright)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Today’s Tarot Card – The Emperor (Upright) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

 

Tarot Card Mockup

ဒီကတ်လေးကိုမြင်တာနဲ့ တောင်ဖက်အရပ်ကိုလှည့်ပြီး Manifest လုပ်ပါ ။ ဒီနေ့အတွက်ကိုယ်လိုအပ်တဲ့ Energy က ရဲရင့်ဖို့ ၊ လက်တွေ့ကျဖို့ဆိုတာလေး ခံစားသိလိုက်ပါ ။ ကိုယ့်ဆန္ဒတွေအကောင်အထည်ပေါ်လာဖို့ သတ္တိရှိဖို့ လုပ်ရဲကိုင်ရဲရှိဖို့ လိုတဲ့နေ့တစ်နေ့လို့ မြင်ပါတယ် ။
ကိုယ့်အားသာချက်ကိုသိရမယ် ၊ ကိုယ့်အားနည်းချက်ကိုသိရမယ် ။
ဘယ်လောက်ထိ ကိုယ့် Boundary ကိုချဲ့ထွင်နိုင်မလဲ?
ဘယ်အချိန် Aggressive ဖြစ်ရမလဲ ၊ ဘယ်အချိန်ပြန် Hold လုပ်ရမလဲ ကိုယ်သိနေမယ်

ခက်ခဲတဲ့ကိစ္စ ၊ ချီတုံချတုံဖြစ်နေတဲ့ကိစ္စမျိုးတွေမှာ ဆုံးဖြတ်ချက်တွေပြတ်သားလာမယ်

စိတ်ကူးယဥ်ဆန်တာ အားနည်းချက်မဟုတ်ဘူး ၊ ဒါပေမယ့် ဒီနေ့အတွက် အကောင်အထည်ဖော်ခြင်းသီးသန့်ကို ဦးစားပေးသင့်တယ် ။ ဖြစ်ပါ့မလားတွေးမနေနဲ့ ၊ ဖြစ်အောင်လုပ်နိုင်စွမ်း ကိုယ့်မှာရှိနေတယ် ။ စိတ်လိုက်မာန်ပါလုပ်ဖို့မဟုတ်ဘူး ၊ လုပ်သင့်တယ်ထင်တာ လုပ်လိုက် ။ ရပ်သင့်ပြီထင်ရင် ရပ်ပစ်လိုက် ။ နားသင့်တယ်ထင်လာရင် လက်စသက်ပြီး အနားယူလိုက် ။ တွေဝေဖို့ အချိန်မပေးသင့်ဘူး ။

တကယ်ကိုယ့်ကိုဦးဆောင်သွားမယ့်သူက ကိုယ်တိုင်ကလွဲပြီးမရှိဘူး ။ ကိုယ့်ရဲ့ Inner Leader ခိုင်းစေမှုအတိုင်းလုပ်ပါ ။ ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ လက်အောက်ငယ်သားတွေအပေါ်စိုးမိုးမှု ၊ ကိုယ့်စိတ်ကို အုပ်ချုပ်နိုင်မှုကိုလိုက်ပြီး အောင်မြင်မယ့်နေ့တစ်နေ့ဖြစ်ပါတယ် ။

ရေးသားသူ – Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...