Deadpool 3 မှာ Deadpool နဲ့ Wolverine ဇာတ်ကောင် (၂) ဦးက တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံလို့မရအောင် မုန်းမယ်ဆိုတဲ့ ဟုဂျက်မန်း

Deadpool 3 မှာ Deadpool နဲ့ Wolverine ဇာတ်ကောင် (၂) ဦးက တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံလို့မရအောင် မုန်းမယ်ဆိုတဲ့ ဟုဂျက်မန်း

Celebrity

Deadpool 3 မှာ Deadpool နဲ့ Wolverine ဇာတ်ကောင် (၂) ဦးက တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံလို့မရအောင် မုန်းမယ်ဆိုတဲ့ ဟုဂျက်မန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Deadpool 3 မှာ Deadpool နဲ့ Wolverine ဇာတ်ကောင် (၂) ဦးက တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံလို့မရအောင် မုန်းမယ်ဆိုတဲ့ ဟုဂျက်မန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

X Men ဇာတ်ကားတွေနဲ့ လူသိများတဲ့ မင်းသားဟုဂျက်မန်းကို Wolverine ဇာတ်ကောင်အဖြစ် ပြန်လာဖို့ အချိန်တော်တော်ကြာ စောင့်မျှော်နေခဲ့ရတာပါ။ အခုဆို မင်းသား ရိုင်ယန် ရေးနိုးလ်ရဲ့ Deadpool 3 ဇာတ်ကားမှာ ဟုဂျက်မန်း ပါဝင်မယ်ဆိုတာ အတည်ပြုထားပါတယ်။ အဲဒီဇာတ်ကားမှာ Deadpool ဇာတ်ကောင်နဲ့ Wolverine ဇာတ်ကောင် (၂) ယောက်က အချင်းချင်း ဘယ်လိုနေကြမလဲလို့လည်း ပရိသတ်တွေက သိချင်နေကြပါတယ်။ The Empire Film Podcast မဂ္ဂဇင်းနဲ့အင်တာဗျူးတစ်ခုမှာ ဟုဂျက်မန်းက ပရိသတ်တွေသိချင်နေကြတဲ့အရာအတွက် ဖြေပေးခဲ့ပါတယ်။ Wolverine နဲ့ Deadpool တို့က မျက်လုံးချင်းဆုံလို့မရအောင် တစ်ယောက်နဲ့တစ်ယောက် မုန်းကြတယ်လို့ ဆိုပါတယ်။

“ကျွန်တော် ဘယ်လိုအမျိုးအစားခွဲပြရမလဲ။ ၁-၁၀ အတိုင်းအတာမှာ ကျွန်တော်တို့က ဇီးရိုး၊ ကျွန်တော်တို့က ဆန့်ကျင့်ဘက်၊ တစ်ယောက်ကို တစ်ယောက်မုန်းနေကြတာ၊ ကျွန်တော့်ရှုထောင့်ကပြောနေတာပါ။ လိုဂန် (Wolverine) က သူ့ကြောင့် စိတ်ပျက်ရတယ်။ သူ့နဲ့ မိုင်ပေါင်း ၁ သန်းလောက် အဝေးမှာ နေချင်တာ၊ သူ့ရဲ့ခေါင်းကို ထိုးချင်နေတာ၊ ကံမကောင်းစွာပဲ ဒီဇာတ်ကားမှာ သူနဲ့မိုင်ပေါင်း ၁ သန်းအကွာမှာ နေလို့မရဘူး။ အဲဒါကြောင့် ကျွန်တော် သူ့ခေါင်းကို အရမ်းထိုးတော့မှာ”လို့ ဟုဂျက်မန်းက ထုတ်ပြောပါတယ်။

Deadpool 3: Hugh Jackman says he 'hates' Ryan Reynolds; wants to 'punch him  in the head' | Hollywood News

Deadpool3 ကို ဒါရိုက်တာ Shawn Levy က ရိုက်ကူးမှာဖြစ်ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။ ဇာတ်ကားရဲ့ဇာတ်လမ်းအသေးစိတ်အချက်အလက်တွေ မသိရသေးပေမဲ့ Wolverine နဲ့ Deadpool ဇာတ်ကောင် (၂) ကောင်ကြောင့် ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းမှာ သေချာပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...