“Rush Hour 4” ထွက်ရှိဦးမည်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “Rush Hour 4” ထွက်ရှိဦးမည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
Hong Kong မင်းသားကြီး Jackie Chan နှင့် Chris Tucker တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Rush Hour Movie ဟာ သုံးကားတိတိထွက်ရှိထားပါတယ်။
Childhoodတုန်းက စွဲစွဲလန်းလန်းကြိုက်ခဲ့ရတဲ့ Jackie Chan ရဲ့ Movie Franchise တွေထဲကတစ်ခုဆိုလည်းမမှားပါဘူး။Own Stunt တွေ Hard Fight တွေ ကိုရိုးမအီနေအောင် ကိုယ်ပိုင်ဟာသလေးနဲ့ ရယ်မောရတဲ့ Action ဇာတ်ကားမျိုးပါပဲ
အခုအခါမှာ လေးကားမြောက် Rush Hour Movie အတွက်လည်း ပြင်ဆင်နေပြီဖြစ်ကြောင်းကို မင်းသားကြီး Jackie Chan က Variety Interview တွင် Confirm သွားခဲ့ပါပြီ။
Jackie Chan ပြောတာက
“ကျုပ်တို့ Rush Hour 4အတွက်ပြင်ဆင်နေကြပါပြီ”
“ဒီကားကိုရိုက်ရမယ်လေ၊ ဒါမှလူတွေ မမေ့ပဲပြန်မှတ်မိလာကြမှာပေါ့ဗျာ။”
အသက် (68)နှစ်ရှိနေပြီဖြစ်သော်လည်း Screenတွေ action တွေနဲ့မဝေးကွာသွားတဲ့ မင်းသားကြီး Jackie Chan ကတော့ နောက်ထပ် အောင်မြင်မယ့် Rush Hour ဇာတ်ကားသစ်ကိုရိုက်ဖို့အားအင်တွေပြည့်နေပုံပါပဲဗျာ
ရေးသားသူ – Z E U S
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။