ကမာရွတ်မြို့နယ်၊ စာရင်းစစ်ရုံးကို ဗုံးပစ်တိုက်ခိုက်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမာရွတ်မြို့နယ်၊ စာရင်းစစ်ရုံးကို ဗုံးပစ်တိုက်ခိုက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ ဆီစက်လမ်းရှိ မြို့နယ်စာရင်းစစ်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ကာ ဖောက် ခွဲကာ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန် မြို့ပြပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်း ကျင် အချိန် အ ကြမ်းဖက်စစ်ကောင်စီလက် အောက်ခံ ကမာရွတ်မြို့နယ်စာရင်းစစ်ရုံးကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ်အခြေအနေ မသိရသေးကြောင်း Freeland Attack Force က ထုတ်ပြန်ထားသည်။
“ကမာရွတ်ဘက်မှာ အစစ်အဆေးတွေတအားများတယ်။ စစ်သားနဲ့ရဲတွေလည်း ပတ်နေကြတယ်။ ဗုံးကွဲတာတော့ မသိလိုက်ဘူး။ လုံခြုံရေးတော့ တအား များတယ်” ဟု ကမာရွတ်မှ ပြည်သူတစ်ဦးက ပြောသည်။
ဗုံးပစ်တိုက်ခိုက်မှုကို Freeland Attack Force ၊ Emerald Girl Army (EGA) ၊ Revolution of 21 Century အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက် ကျားတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသောနေရာများ၊ ၎င်းတို့နေထိုင်ရာ ရုံးများ၊ အကြမ်းဖက်စစ်သားများ၊ ထောက်တိုင်များနှင့် ဝေးကွာစွာ ရှောင်ရှားသွား လာနေထိုင်ပေးကြပါရန် ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များက ထုတ်ပြန်သတိပေးထားသည်။
ရေးသားသူ – ခေတ်သစ်မီဒီယာ
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။