သရက်ချောင်း၊ ချောင်းနှစ်ခွကျေးရွာမှ ပြည်သူ ၆၀ ကျော်ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူများ၏ သတင်းအစအန ပျောက်နေ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သရက်ချောင်း၊ ချောင်းနှစ်ခွကျေးရွာမှ ပြည်သူ ၆၀ ကျော်ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူများ၏ သတင်းအစအန ပျောက်နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၀
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ချောင်းနှစ်ခွကျေးရွာမှ ပြည်သူ ၆၀ ဦး ကျော် ကို အကြမ်းဖက်စစ်ကောင်စီမှ ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
ဓာတ်ပုံ- ယမန်နှစ် မြိတ်တွင် ပြည်သူများကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးမှု မြင်ကွင်း။
“ချောင်းနှစ်ခွ ကျေးရွာမှာပါ ။ စစ်ခွေးတွေက လူပေါင်း ၆၀ ကျော်ကို လူသား ဒိုင်း ကာ အဖြစ်ခေါ်သွားတာ။ လမ်းမှာတွေ့တဲ့ လူတွေရောပဲ။ ယောက်ျား သား သီးသန့်ခေါ်သွားတယ်။ ထွန်စက်မောင်းတဲ့ လူတွေရော။ လမ်းတွေ့သမျှ အကုန် ဖမ်း ခေါ်သွားတယ်။ ဘယ်ကို ခေါ်သွားတယ်ဆိုတာ မသိဘူး “ ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်က ရန်ကုန်ခေတ်သစ်သို့ ပြောကြား သည်။
လက်ရှိအချိန်အထိ ပြည်သူများကို မည်သည့်နေရာသို့ ဖမ်းဆီး ခေါ်ဆောင် သွားသည်ကို မသိရှိရဘဲ သတင်းအစအန ပျောက်ဆုံးနေကြောင်း၊ ချောင်းနှစ်ခွ ကျေးရွာအနီးအနားတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ရေးသားသူ – ခေတ်သစ်မီဒီယာ
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။