Russia ရှာတွေ့ထားတဲ့Zombies virus
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့Russia ရှာတွေ့ထားတဲ့Zombies virus ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
The New york post ကသိရတဲ့
သတင်းအရ ရုရှားနိုင်ငံရဲ့ အေးခဲနေတဲ့
ရေခဲပြင်အောက်မှာ
နှစ်ပေါင်း(48,500)လောက်သက်တမ်းရှိတဲ့
Virus ဟောင်းတစ်မျိုးကိုရှာတွေ့ခဲ့ကြပါတယ်။
အမည်မသိ virus တစ်မျိုးဆိုပေမယ့်
Zombies virus ဟောင်းလို့
ယူဆထားပြီး
ဥရောပ scientist တွေက
ပြန်လည်အသက်သွင်းခဲ့ကြပြီး
စမ်းသပ်ခဲ့ကြတဲ့အခါမှာ
ဒီ virus ပိုးဟာ
ကူးစက်နိုင်သေးတဲ့ အနေအထားမှာရှိတယ်လို့သိရပါတယ်။
ဒီ virus နဲ့ပတ်သက်ပြီး scientists တွေအနေနဲ့ဘယ် Lv လောက်ထိ ကူးစက်နိုင်လဲ
အန္တရာယ်ရှိနိုင်လဲ ဆိုတာကိုတော့
စမ်းသပ်နေကြဆဲ ဖြစ်ပါတယ်။
ဒီ virus ပြန်ပေါ်လာခြင်းကြောင့်
အခြားသော virus တွေထွက်ပေါ်လာနိုင်ပြီး
သက်ရှိတွေနဲ့အပင်တွေ ရောဂါဖြစ်ပွားခဲ့ရင်
ပုံမှန်ထက်ပိုမိုဆိုးဝါးလာနိုင်ခြေရှိတယ်လို့
စမ်းသပ်မှုတွေအရသိရကြောင်းဖော်ပြထားခဲ့ပါတယ်။
ဒါ့အပြင် virus ဟာ လူသားတွေကိုခြိမ်းခြောက်မှုဖြစ်လာဖို့ ဖြစ်နိုင်ခြေလည်းနည်းပါသေးတယ်။
ဒါ့အပြင် သတင်း source ဟာအရမ်းယုံကြည်ရတဲ့ source မဟုတ်တာကြောင့်အရမ်း serious ဖြစ်စရာမလိုပါဘူးနော်။
ရေးသားသူ – Apex Canal
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။