စိတ်ခံစားချက်ကို ထိန်းချုပ်ရန် ဂိုးသမားမာတီနက်ဇ်နှင့် ဆွေးနွေးမည်ဟု နည်းပြ အမ်မရီပြော

Sports

စိတ်ခံစားချက်ကို ထိန်းချုပ်ရန် ဂိုးသမားမာတီနက်ဇ်နှင့် ဆွေးနွေးမည်ဟု နည်းပြ အမ်မရီပြော

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စိတ်ခံစားချက်ကို ထိန်းချုပ်ရန် ဂိုးသမားမာတီနက်ဇ်နှင့် ဆွေးနွေးမည်ဟု နည်းပြ အမ်မရီပြော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂိုးသမား မာတီနက်ဇ်အနေနဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့ ဆွေးနွေးသွားမယ်လို့ အက်စ တွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက ပြောပါတယ်။

အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပင်နယ်တီ နှစ်ကြိမ်ကာကွယ်ပြီး အသင်းနဲ့အတူ ချန်ပီယံဆုဖလားရယူ နိုင်ခဲ့တာပါ။

မာတီနက်ဇ်ဟာ ပြိုင်ဘက်တိုက်စစ်မှူး အမ်ဘာပေရဲ့ ဦးခေါင်းရုပ်ကို ကလေးအရုပ်မှာ တပ်ဆင် ပြီး အောင်ပွဲခံခဲ့တဲ့အပေါ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

Argentina's Emiliano Martinez explains his crude celebration after winning  the Golden Glove | Daily Mail Online

သူ့ရဲ့ မိခင်ကလပ် ဗီလာရဲ့ နည်းပြအမ်မရီကတော့ အသင်းဆီပြန်လာချိန်မှာ မာတီနက်ဇ်ကို ခေါ်ယူဆွေးနွေးသွားမှာဖြစ်ပြီး စိတ်ခံစားမှုကို ထိန်းချုပ်နိုင်စေဖို့လည်း ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒါပေမဲ့ အောင်ပွဲခံမှုထက် သူ့ရဲ့စွမ်းဆောင်ရည်နဲ့ အောင်ပွဲအကြောင်းကို အဓိကဆွေးနွေးမှာ ဖြစ်တယ်လို့ နည်းပြ အမ်မရီက ပြောသွားပါတယ်။

ရေးသားသူ – DVB TV News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...