တိုက်စစ်မှူးသစ် ရှာဖွေနေသည့် မန်ယူအသင်း မိုရာတာကို အငှားခေါ်ယူရန် စီစဉ်
အိုင်ဗရီကို့စ်တိုက်စစ်မှူး ဖိုဖာနာကို ချဲလ်ဆီးအသင်း ခေါ်ယူ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တိုက်စစ်မှူးသစ် ရှာဖွေနေသည့် မန်ယူအသင်း မိုရာတာကို အငှားခေါ်ယူရန် စီစဉ် အိုင်ဗရီကို့စ်တိုက်စစ်မှူး ဖိုဖာနာကို ချဲလ်ဆီးအသင်း ခေါ်ယူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
တိုက်စစ်မှူးသစ် ရှာဖွေနေသည့် မန်ယူအသင်း မိုရာတာကို အငှားခေါ်ယူရန် စီစဉ်
မန်ယူအသင်းဟာ တိုက်စစ်မှူးနေရာအတွက် အက်သလက်တီကိုက မိုရာတာ ကိုခေါ်ယူဖို့ စီစဉ်လာပါတယ်။
ယူနိုက်တက်နည်းပြ တန်ဟတ်ဂ်ဟာ ပီအက်စ်ဗွီ တိုက်စစ်မှူး ကိုဒီဂတ်ပို ကို ခေါ်ယူခွင့် လက်လွှတ်ဆုံးရှုံးခဲ့ရတာကို စိတ်ပျက်လက်ပျက်ဖြစ်နေတယ်လို့ ESPN သတင်းမှာ ဖော်ပြပါတယ်။
ဂတ်ပို ကိုခေါ်ယူခွင့်မရ ဖြစ်ခဲ့ပြီးနောက်မှာ အက်လက်တီကိုက စပိန်တိုက်စစ်မှူး မိုရာတာဘက်ကို အငှားစာချုပ်နဲ့ ရေတိုဖြေရှင်းဖို့ မန်ယူအသင်းက ပြင်ဆင်လာခဲ့တာပါ။
အသက် ၃၀ နှစ်ရှိ မိုရာတာဟာ ချဲလ်ဆီးအသင်းမှာ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ပြောင်းရွှေ့ ကစားခဲ့ဖူးပြီး စုစုပေါင်း ၇၂ ပွဲမှာ ၂၄ ဂိုးသွင်းယူခဲ့ပါတယ်။ မိုရာတာဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာလည်း သုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အိုင်ဗရီကို့စ်တိုက်စစ်မှူး ဖိုဖာနာကို ချဲလ်ဆီးအသင်း ခေါ်ယူ
ချဲလ်ဆီးအသင်းဟာ နော်ဝေကလပ် မိုဒီအသင်းထံကနေ အိုဗရီကို့စ် လက်ရွေးစင်တိုက်စစ်မှူး ဒေးဗစ်ဒါထရို ဖိုဖာနာကို ပေါင် ၈ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။
အသက် ၂၀ နှစ်ပဲရှိသေးတဲ့ ဖိုဖာနာဟာ ပြီးခဲ့တဲ့ရာသီက နော်ဝေလိဂ်မှာ ၂၁ ဂိုးသွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့သူပါ။
ချဲလ်ဆီးအသင်းဟာ ဖိုဖာနာအတွက် မိုဒီနဲ့ အကြိုသဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ စတင်ဖွင့်လှစ်မယ့် ဇန်နဝါရီ ၁ ရက်နေ့မှာ အပြီးသတ်စာချုပ်ချုပ်ဆိုသွားမှာပါ။
အသင်းရှိတိုက်စစ်မှူး ဘရိုဂျာက ဒူးဒဏ်ရာကြောင့် ရာသီကုန် အထိအနားယူရမှာဖြစ်တဲ့အတွက် ဖိုဖာနာကို အစားထိုးခေါ်ယူလိုက်တာပါ။
ဒေးဗစ်ဖိုဖာနာဟာ ဘူရွန်ဒီကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ အိုင်ဗရီကို့စ်အသင်းအတွက် ပထမဆုံးအကြိမ် ကစားပေးခဲ့ပြီး ခြေစွမ်းခြေစရှိသူအဖြစ် သတ်မှတ်ခံထားရပါတယ်။
ရေးသားသူ – DVB TV News
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။