ဖီဖာခြေစမ်းပွဲတွင် မြန်မာအသင်းက ကိုယ့်ဂိုးကိုယ် ၂ ဂိုးသွင်းယူပြီး ထိုင်းအသင်းကို ၆ ဂိုးပြတ်ရှုံးနိမ့်

Sports

ဖီဖာခြေစမ်းပွဲတွင် မြန်မာအသင်းက ကိုယ့်ဂိုးကိုယ် ၂ ဂိုးသွင်းယူပြီး ထိုင်းအသင်းကို ၆ ဂိုးပြတ်ရှုံးနိမ့်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖီဖာခြေစမ်းပွဲတွင် မြန်မာအသင်းက ကိုယ့်ဂိုးကိုယ် ၂ ဂိုးသွင်းယူပြီး ထိုင်းအသင်းကို ၆ ဂိုးပြတ်ရှုံးနိမ့် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် မြန်မာ့လက်ရွေးစင်အသင်းနဲ့ ထိုင်းလက်ရွေးစင်အသင်းတို့ ဒီဇင်ဘာ ၁၁ ရက်မနေ့ညက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သမားဆက်ဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ထိုင်းအသင်းက ၆ ဂိုးပြတ်အနိုင်ရသွားပါတယ်။

ဒီပွဲမှာ ထိုင်းအသင်းက မြန်မာအသင်းကို ကစားကွက်အသာ ခြေအသာနဲ့ သက်သောင့်သက်သာ ယှဉ်ပြိုင်ကစားပြီး ဂိုးဒါဇင်ဝက်သွင်းက အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၁၂ မိနစ်မှာ တီရာဆီလ်ဒန်ဒါက ပင်နယ်တီကနေ ထိုင်းအတွက် အဖွင့်ဂိုးစသွင်းပေးခဲ့ပြီး ပွဲချိန် ၅၇ မိနစ်တွေမှာလည်း တီရာဆီလ်ဒန်ဒါကနောက်ထပ်တဂိုး ထပ်သွင်းခဲ့ပါတယ်။ ပွဲချိန် ၂၉ မိနစ်မှာတော့ မြန်မာဂိုးသမားဆီက ပြန်အပ်ထွက်လာတဲ့ ဘောလုံးကို ဘော်ဒင်ဖာလာက အနီးကပ်ပိတ်သွင်းပြီးတဂိုးသွင်းပေးခဲ့သလို ဆာရာချာယိုးယန်က လည်း ဂိုးစည်းအပြင်ဘက် ခပ်လှမ်းလှမ်းကနေ အပြင်းကန်သွင်းယူပြီး ထိုင်းအသင်းအတွက် တဂိုး သွင်းယူခဲ့ပါတယ်။

ဒါ့အပြင် ပွဲချိန် ၄၅ မိနစ်လောက်မှာပဲ နန္ဒကျော်က ဖျက်ထုတ်ရာက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သလို ပွဲချိန် ၅၇ မိနစ်မှာလည်း ငြိမ်းချမ်းက နောက်ထပ် ကိုယ့်ဂိုးကိုယ်သွင်းတဲ့ ဂိုးတဂိုးသွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ မြန်မာအသင်း ၆ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းမှာ ကျော်ဇင်ဖြိုး၊ မောင်မောင်လွင်၊ ရန်နိုင်ဦး၊ နန္ဒကျော်၊ ကျော်မင်းဦး၊ မြတ်ကောင်းခန့်၊ ဟိန်းရာဇာလင်း၊ ရဲမင်းသူ၊ အောင်နိုင်ဝင်း၊ ဟိန်းထက်အောင်နဲ့ ငြိမ်းချမ်း စတဲ့ အတွေ့အကြုံရှိတဲ့ ကစားသမားတွေ ပွဲထွက်ကစားခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ခြေစမ်းပွဲတွေ လှည့်ကစားနေတဲ့ ပဏာမ မြန်မာ့လက်ရွေးစင် အသင်းဟာ ထိုင်းလိဂ်-၂ ကလပ်အသင်း ဆာမက် ပရာခန်နဲ့ ခြေစမ်းပွဲမှာ (၂-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့သလို ချွန်ဘူရီ အသင်းနဲ့ ခြေစမ်းပွဲမှာ (၄-၁) ဂိုးနဲ့ အနိုင်ရထားပါတယ်။

ရေးသားသူ – DVB TV News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...