‘ဘယ်သူ ဖိုင်နယ် ရောက်မလဲ’
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့’ဘယ်သူ ဖိုင်နယ် ရောက်မလဲ’ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ဆီမီးဖိုင်နယ်အဆင့်သို့ပင် ရောက်ရှိလာပြီဖြစ်ပါတယ်။ အကြိုဗိုလ်လုပွဲရဲ့ ပထမဆုံးပွဲစဉ်အဖြစ် အာဂျင်တီးနားနဲ့ ခရိုအေးရှားအသင်းတို့ ယနေ့ည (ဗုဒ္ဓဟူးမနက်) မြန်မာစံတော်ချိန် (၁:၃၀)နာရီမှာ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။
ဒီပွဲနိုင်တဲ့အသင်းဟာ ကမ္ဘာ့ချန်ပီယံဆုဖလားဆီ ခြေတစ်ဖက်လှမ်းနိုင်မှာဖြစ်တာကြောင့် ရေကုန်ရေခမ်းအားထုတ်ကစားကြမှာ အသေအချာပါပဲ။ ထူးခြားချက်အနေနဲ့ နှစ်သင်းစလုံးဟာ နောက်ဆုံးနှစ်ကြိမ်မှာ ဆုဖလားကြီးနဲ့ ကပ်လွဲခဲ့ရတဲ့ အသင်းတွေပါ။
၂၀၁၄ ကမ္ဘာ့ဖလားဖိုင်နယ်မှာ အာဂျင်တီးနားအသင်းက ဂျာမနီအသင်းကို အချိန်ပို၌ကပ်ရှုံးခဲ့သလို ၂၀၁၈ ဗိုလ်လုပွဲမှာလည်း ခရိုအေးရှားက ပြင်သစ်ကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ သို့ဖြစ်ရကား ဒီညမှာ ဒုတိယလူတွေ မကျေပွဲနွှဲမယ့်ပွဲစဉ်ကို မြင်တွေ့ရပါတော့မယ်။
ဒီနှစ်သင်းဟာ နိုင်ငံတကာပွဲစဉ်အဖြစ် (၅)ကြိမ် (၅)ခါ ယှဉ်ပြိုင်ကစားခဲ့ကြဖူးရာ နှစ်ပွဲစီအနိုင်ရရှိပြီး တစ်ပွဲသရေကျထားပါတယ်။
1994: Croatia 0-0 Argentina (Friendly)
1998: Argentina 1-0 Croatia (World Cup)
2006: Croatia 3-2 Argentina (Friendly)
2014: Argentina 2-1 Croatia (Friendly)
2018: Argentina 0-3 Croatia (World Cup)
ထိပ်တိုက်တွေ့ဆုံမှုအရ တစ်လှည့်စီ အနိုင်ယူနေကြတဲ့ အသင်းတွေမို့ ဒီနေ့ညမှာ ဘယ်သူအနိုင်ရရှိသွားမယ်ဆိုတာကို ကျိန်းသေပေါက် ပြောလို့မရပါဘူး။ အာဂျင်တီးနားက သူတို့ရဲ့ရလဒ်ပိုင်းကောင်းမွန်စေရေးအတွက် လီယွန်နယ်မက်ဆီနဲ့ အမ်မီမာတီနက်ဇ်တို့ကို အလုံးစုံမှီခိုထားရတယ်။
ခရိုအေးရှားကျတော့ နောက်တန်းလုံတယ်။ ကွင်းလယ်ကစားပုံ ကောင်းလွန်းတယ်။ မိုဒရစ်-ကိုဗာဆစ်-ဘရိုဇိုဗစ်ကွင်းလယ်က RDP-အန်ဇို-မက်အလစ္စတာကွင်းလယ်ထက် ခြေစွမ်းတစ်ဆင့်မြင့်ပါတယ်။ သို့သော်လည်း တိုက်စစ်မှူးကောင်းကောင်းမရှိတာက ခရိုအေးရှားရဲ့ အဓိကပြဿနာဖြစ်တယ်။
မက်ဆီနဲ့ မိုဒရစ်တို့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ယောက်ယောက်သာ ဆုဖလားဆွတ်ခူးနိုင်ခဲ့ရင် ခမ်းနားသွားမှာ သေချာပါတယ်။ တစ်ဖက်မှာ တစ်ယောက်ယောက်ကတော့ ပြိုင်ပွဲကနေ မဖြစ်မနေထွက်ခွာရတော့မှာမို့ တွေးကြည့်တာနဲ့တင် သူတို့အစား စိတ်လှုပ်ရှားမိပါတယ်။
ဘယ်သူပျော်ရွှင်ရပြီး ဘယ်သူနာကျင်ရမလဲ ဆိုတာကတော့…
ရေးသားသူ – Golden Sports
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။