မက်ဆီကို စာချုပ်သက်တမ်းတိုးမည်ဟု ပီအက်စ်ဂျီဥက္ကဋ္ဌပြော ပြင်သစ်အသင်းမှ အနားယူကြောင်း ဘင်ဇီမာတရားဝင်ကြေညာ

မက်ဆီကို စာချုပ်သက်တမ်းတိုးမည်ဟု ပီအက်စ်ဂျီဥက္ကဋ္ဌပြော ပြင်သစ်အသင်းမှ အနားယူကြောင်း ဘင်ဇီမာတရားဝင်ကြေညာ

Sports

မက်ဆီကို စာချုပ်သက်တမ်းတိုးမည်ဟု ပီအက်စ်ဂျီဥက္ကဋ္ဌပြော
ပြင်သစ်အသင်းမှ အနားယူကြောင်း ဘင်ဇီမာတရားဝင်ကြေညာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့မက်ဆီကို စာချုပ်သက်တမ်းတိုးမည်ဟု ပီအက်စ်ဂျီဥက္ကဋ္ဌပြော ၊ပြင်သစ်အသင်းမှ အနားယူကြောင်း ဘင်ဇီမာတရားဝင်ကြေညာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မက်ဆီကိုစာချုပ်သက်တမ်းတိုးဖို့ ပြောဆိုပြီးသားဖြစ်ကြောင်း ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခါလီဖီ ကပြောပါတယ်။

မက်ဆီဟာ အခုနှစ်ရာသီအကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့လိုအပ်နေတာပါ။

ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ မက်ဆီနဲ့တွေ့ဆုံခဲ့တဲ့ အသင်းဥက္ကဋ္ဌ အယ်ခါလီဖီကတော့ နိုင်ငံအသင်းတာဝန်ကနေပြန်လာချိန်မှာ စာချုပ်ကိစ္စဆွေးနွေးဖို့ ပြောဆိုပြီးသား ဖြစ်ကြောင်း အတည်ပြုခဲ့တာပါ။

We will do what is right' - PSG president issues update on Lionel Messi contract with current deal set to expire in 2023 | Goal.com UK

ပီအက်စ်ဂျီအသင်းအနေနဲ့ စာချုပ်ပါသဘောတူညီချက်အရ မက်ဆီကို တစ်နှစ်သက်တမ်းတိုးခွင့်ရှိပေမယ့် ကစားသမားရဲ့ဆန္ဒကိုလည်း မေးမြန်းသွားဖို့ရှိ နေတာပါ။

မက်ဆီလို ကမ္ဘာ့ဖလားရဲ့အကောင်းဆုံးကစားသမားကို သက်တမ်းတိုးဖို့ ပြောပြီး သားဖြစ်သလို ဂိုးသွင်းဘုရင် အမ်ဘာပေကိုလည်း ဆက်ထိန်းသွားမယ်လို့ အသင်းဥက္ကဋ္ဌ အယ်လ်ခါလီဖီက ပြောသွားပါတယ်။

ပြင်သစ်အသင်းမှ အနားယူကြောင်း ဘင်ဇီမာတရားဝင်ကြေညာ

တိုက်စစ်မှူး ဘင်ဇီမာဟာ သူ့ရဲ့မွေးနေ့နဲ့ အချိန်ကိုက် ပြင်သစ်အသင်းကနေအနားယူကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။

ဘင်ဇီမာဟာ ဒီဇင်ဘာ ၁၉ ရက်က အသက် ၃၅ နှစ်ပြည့်မြောက်ခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ နိုင်ငံအသင်းကနေ အနားယူကြောင်းကြေညာခဲ့တာပါ။

“ဒီနေ့ ကျနော် ရောက်ရှိနေတဲ့နေရာအတွက် အားထုတ်မှုတွေကော၊ အမှားတွေပါ လုပ်ဆောင်ခဲ့ပြီး အဲဒီအတွက် ဂုဏ်ယူမိပါတယ်။ ကျနော်ရဲ့ဇာတ်လမ်းကို ရေးပြီးပြီဖြစ်ပြီး ကျနော်နဲ့ ပြင်သစ်အသင်းရဲ့ ပတ်သက်မှုဟာလည်း အဆုံးသတ်သွားပါပြီ” လို့ ဘင်ဇီမာက ရေးသားခဲ့ပါတယ်။

ဘင်ဇီမာ ဟာ ဒဏ်ရာပြဿနာကြောင့် ကာတာကမ္ဘာ့ဖလားကိုလွဲချော်ခဲ့ပြီး ပြင်သစ်ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၈ ပြိုင်ပွဲမှာလည်း ပါဝင်ခွင့်မရခဲ့သူပါ။

အသက်မပြည့်သူအမျိုးသမီးနဲ့ပတ်သက်ပြီး စုံစမ်းခြင်းခံခဲ့ရ တာကြောင့် ပြင်သစ်အသင်းမှာ ကစားခွင့်ပိတ်ပင်ခံခဲ့ရပါသေးတယ်။

ဒါပေမဲ့ ဒီဘက်နှစ်တွေ အတွင်းမှာပြန်လည်ရွေးချယ်ခံခဲ့ရပြီး ပြင်သစ်နဲ့ စုစုပေါင်း ၉၇ ပွဲမှာ ၃၇ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်

ရေးသားသူ –DVB TV News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...