အာဂျင်တီးနား သို့မဟုတ် မက်ဆီတီးနား

Sports

အာဂျင်တီးနား သို့မဟုတ် မက်ဆီတီးနား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အာဂျင်တီးနား သို့မဟုတ် မက်ဆီတီးနား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အာဂျင်တီးနားဟာ မက်ဆီတီးနားလို့ ခေါ်ရမလိုမျိုးအထိ မက်ဆီကို မှီခိုနေတယ်ဆိုတာ အမြင်နဲ့တင် ပြောလို့ရနေတဲ့ ကိစ္စပါ။ တကယ်လို့ မျက်မြင်အနေအထားနဲ့မဟုတ်ဘဲ အချက်အလက်တွေနဲ့ ကြည့်ရင်လည်း ဒါကို ညွန်းဆိုနေတယ်ဆိုတာတွေ့ရပါလိမ့်မယ်။

Lionel Messi | WeGotSoccer.com

ကမ္ဘာ့ဖလားရဲ့တိုက်စစ်ကစားသမားတွေအတွက် ညွန်းတမ်းတွေကို ကြည့်ရအောင်ပါ။
မက်ဆီဟာ အခွင့်အရေးဖန်တီးမှု (၁၃)ကြိမ်၊ ဂိုးပေ့က်တည့်ကန်ချက် (၁၀)ကြိမ်၊ တစ်ဦးချင်းကျော်ဖြတ်မှု (၉)ကြိမ်၊ ပြိုင်ဘက်ဧရိယာအတွင်းထိချက် အကြိမ် (၃၀)ရှိထားပါတယ်။ ပြီးရင် ကွင်းလယ်ကစားသမားတွေ အဓိကဦးဆောင်လေ့ရှိတဲ့ ဘောလုံးသယ်ယူမှုအကွာအဝေးအပိုင်းမှာ (၁၁၇၈) မီတာ ရှိနေပါတယ်။

ဒီညွန်းတမ်းငါးခုမှာ မက်ဆီဟာ ဘောလုံးသယ်ယူမှုနဲ့ ကန်သွင်းမှုကလွဲရင် ကျန်တဲ့နေရာတွေမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အများဆုံးကစားသမား မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ဝင်စားစရာ ကောင်းတာက ဒီအပိုင်းငါးခုလုံးမှာ မက်ဆီဟာ အများဆုံးနှစ်ယောက်ထဲမှာ အမြဲပါနေခြင်းပါပဲ။ ဒါဟာ လက်ရှိကမ္ဘာ့ဖလားရဲ့ တခြားဘယ်တိုက်စစ်ကစားသမားမျိုးမှာမှ မရှိသေးတဲ့ ပုံစံမျိုးလည်းဖြစ်ပါတယ်။ ဥပမာ ကန်သွင်းမှုနဲ့ ထိချက်မှာ ဘာပေးက ဦးဆောင်သူဖြစ်ပေမယ့် အခွင့်အရေးဖန်တီးမှုမှာတော့ ဘာပေးဟာ ထိပ်တန်းစာရင်းထဲမပါသလိုပါ။

Lionel Messi scores all five goals as Argentina thrash Estonia in an international friendly in Pamplona - Eurosport

ဒါ့အပြင် မက်ဆီဟာ ကွင်းလယ်ကစားသမားတွေ အများဆုံးလုပ်ကြတဲ့ ဘောလုံးသယ်ယူတဲ့ အကွာအဝေးအပိုင်းမှာလည်း ပတ်ဒရီ၊ မိုဒရစ်၊ ပူလီဆစ်နဲ့ ဒီဂျောင်တို့ကို ကျော်ပြီး ဂဏန်းလေးလုံးအကွာအဝေးကို တစ်ဦးတည်းလုပ်ထားသူ ဖြစ်နေပြန်ပါတယ်။
ဒီအချက်အလက်တွေကနေ ပိုပြီးမြင်သာအောင်အလွယ်ပြောရရင်တော့ အာဂျင်တီးနားမှာ မက်ဆီဘောလုံးသယ်၊ မက်ဆီကျော်ဖြတ်၊ မက်ဆီဖန်တီး၊ မက်ဆီဧရိယာထဲမှာလက်ခံ၊ မက်ဆီကန်သွင်း လုပ်နေတယ်လို့ပဲ မြင်ကြည့်ရင် လွယ်ပါလိမ့်မယ်။

ရေးသားသူ – Total Sports

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...