ကမ္ဘာ့ဖလားသမိုင်းတွင် မော်ကွန်းသစ်ရေးထိုးလိုက်သည့် မော်ရိုကို ငါးပွဲတွင် မည်သည့်အသင်းမှ မော်ရိုကိုဘက်ကို ဂိုးမသွင်းနိုင်ခဲ့

Sports

ကမ္ဘာ့ဖလားသမိုင်းတွင် မော်ကွန်းသစ်ရေးထိုးလိုက်သည့် မော်ရိုကို ငါးပွဲတွင် မည်သည့်အသင်းမှ မော်ရိုကိုဘက်ကို ဂိုးမသွင်းနိုင်ခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့ဖလားသမိုင်းတွင် မော်ကွန်းသစ်ရေးထိုးလိုက်သည့် မော်ရိုကို ငါးပွဲတွင် မည်သည့်အသင်းမှ မော်ရိုကိုဘက်ကို ဂိုးမသွင်းနိုင်ခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် မော်ရိုကိုအသင်းက နာမည်ကြီး ပေါ်တူဂီအသင်းကို မိနစ် ၉၀ အတွင်း တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရကာ ကမ္ဘာ့ဖလားဆီးမီးဖိုင်နယ်ရောက် ပထမဆုံး အာဖရိကအသင်းအဖြစ် မော်ကွန်းသစ်ရေးထိုးလိုက်သည်။

အံ့အားသင့်ဖွယ် နိုင်ပွဲများနှင့်အတူ အင်အားကြီးဘောလုံးအသင်းများကို ဖြုတ်ချနေသည့် မော်ရိုကို အသင်းမှာ ယခုနှစ်ကမ္ဘာ့ဖလားပွဲတွင် လူပြောများသည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာသည်။ အာရပ် စကားပြော အာဖရိကနိုင်ငံအသင်း၏ အောင်မြင်မှုအတွက် အာဖရိကတိုက်သာမက အာရပ်ကမ္ဘာ တစ်ခုလုံး ဂုဏ်ယူမဆုံးဖြစ်နေသည်။

မော်ရိုကိုအသင်းမှာ အုပ်စုတွင်းပွဲစဉ်များတွင် နာမည်ကြီးဘယ်လ်ဂျီယံနှင့် ကနေဒါအသင်းတို့ကို အနိုင်ရကာ အုပ်စုဗိုလ်အဖြစ် နောက်တဆင့်တက်ခဲ့ခြင်းဖြစ်သည်။ ၁၆ သင်းရှုံးထွက်အဆင့်တွင်
ခြေစွမ်းထက်လှပါသည်ဆိုသော စပိန်အသင်းကို ပွဲချိန်မိနစ် ၁၂၀ လုံးလုံးခံကန်ကာ ပင်နယ်တီအဆုံး အဖြတ်ဖြင့် အနိုင်ရရှိခြင်းဖြစ်သည်။ ရှုံးထွက်အဆင့်တွင် ဆွစ်ဇာလန်အသင်းကို ဂိုးဒါဇင်ဝက်ဖြင့် အနိုင်ရခဲ့သည့် ပေါ်တူဂီအသင်းသည်လည်း ယနေ့ညပွဲစဉ်တွင် မော်ရိုကိုနောက်တန်းကို မကျော်နိုင်ဘဲ အရှုံးပေးခဲ့ရသည်။
အထူးခြားဆုံးအချက်အနေဖြင့် နာမည်ကြီးအသင်းများဖြစ်သော ဘယ်လ်ဂျီယံ၊ စပိန်နှင့် ပေါ်တူဂီတို့ အပါအဝင် မည်သည့်အသင်းမှ မော်ရိုကိုအသင်းဘက်ကို ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိသေးပေ။ ငါးပွဲကစား ပြီးချိန်တွင် မော်ရိုကိုအသင်းအနေဖြင့် ပေးဂိုးတစ်ဂိုးသာရှိပြီး ထိုဂိုးသည်လည်း အုပ်စုတွင်းပွဲစဉ်၌ ကိုယ့်ဂိုးကိုယ်သွင်းမိခြင်းဖြစ်သည်။

အသင်းကြီးများကို ဆက်တိုက်ဖြုတ်ချနေသည့် မော်ရိုကိုအသင်းမှာ ဗိုလ်လုပွဲရောက်ရှိရန် တစ်ပွဲသာ ကျန်ရှိတော့သည်။ “Atlas Lions” ဟု တင်စားကြသည့် မော်ရိုကိုအသင်းမှာ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပြင်သစ် သို့မဟုတ် အင်္ဂလန်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...